ကွတ်ခိုင်မြို့၊ တောင်တန်းဒေသသာသနာပြုကျောင်းတိုက်၌ သံဃာတော်နှင့်သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွတ်ခိုင်မြို့၊ တောင်တန်းဒေသသာသနာပြုကျောင်းတိုက်၌ သံဃာတော်နှင့်သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး



MNP - စက်တင်ဘာ ၂၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့ တောင်တန်းဒေသသာသနာပြုကျောင်းတိုက်တွင် သီတင်သုံးတော်မူကြသည့် သံဃာတော်နှင်သီလရှင်များအား ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေရေးအတွက် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခရိုင်အုပ်ချုပ်ရေးမှူးဦးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးညွန့်နှင့်တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကို၊ မြို့နယ်သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်နိုင်လင်းတို့ကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းတွင် သံဃာတော်၊ သီလရှင်အပါး(၁၅၀)ပါးအား ထိုးနှံပေးခဲ့ပြီး ဆေးမထိုးမီကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ဆေးထိုးပြီးပါကလည်း မိနစ်(၃၀)ခန့် စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ချစ်မျိုးဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)