မအီမြို့နယ် အခြေခံပညာကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း(Booster dose) တတိယအကြိမ် ကွင်းဆင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့နယ် အခြေခံပညာကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း(Booster dose) တတိယအကြိမ် ကွင်းဆင်းထိုးနှံ





MNP ၊ စက်တင်ဘာ  ၃၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက်  ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲ ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း(Booster dose)  တတိယအကြိမ် ထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်း(Booster dose) ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ အပိုဆောင်း(Booster) တတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို မအီမြို့ပေါ် အ ထ က၊ ဝေကျေးရွာ အ ထ က(ခွဲ)၊ လက်ပန်ကျေးရွာ အ ထ က(ခွဲ)နှင့် ဆံထုံးကျေးရွာ အ လ က(ခွဲ) အခြေခံပညာကျောင်းများသို့ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း(Booster dose) တတိယအကြိမ် ကွင်းဆင်းထိုးနှံပေးခြင်းကို ကွင်းဆင်းထိုးနှံပေးခဲ့ကြသည်။ ဆက်လက်၍လည်း ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများကို အလားတူ ကိုဗစ်- ၁၉ ရောဂါ အပိုဆောင်း(Booster dose)ကာကွယ်ဆေးများအား အချိန်နှင့် တပြေးညီ ထိုးနှံပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)