အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေး



MNP - စက်တင်ဘာ   ၁၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အိုးသည်ကုန်း မြို့မဈေးအတွင်း၌ ဈေးသူဈေးသားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံထားပြီး(၆)လ ပြည့်ပြီးသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး(Booster Dose)ထိုးနှံခြင်းနှင့် တတိယအကြိမ်ထိုးနှံပြီး(၆)လ ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး(Second Booster Dose)ထိုးနှံပေးခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အိုးသည်ကုန်း တိုက်နယ်ဆရာဝန်ဒေါက်တာအေးမင်းသော်မှ ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ စည်ပင်သာယာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဈေးသူဈေးသားများအား ကျမ်းမာရေးအသိပညာပေးခြင်းလုပ်ငန်းကို အိုးသည်ကုန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများက အိုးသည်ကုန်းမြို့မဈေးအတွင်းတွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အုတ်ဖိုမြို့နယ်ကျန်းမာရေးဦးစီးဌာန အနေဖြင့်ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူစည်ကားရာနေရာများနှင့်လမ်းဆုံလမ်းခွများတွင် ဌာနဆိုင်ရာတာဝန်ရှိသူများမှ နှာခေါင်းစည်းစနစ်တကျ တပ်ဆင်သွားလာရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို နေစဉ်အလှည့်ကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)