မော်လိုက်မြို့၌ (၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ (၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေး

 



MNP - စက်တင်ဘာ   ၆


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်း(ခွဲ) (တပ်နယ်) ကျောင်းတို့ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ယမန်နေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးရာတွင် မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူ (၃၄၉)ဦး၊ အခြေခံပညာအလယ်တန်း(ခွဲ) (တပ်နယ်)ကျောင်းမှ ကျောင်းသား/ သူ (၁၂)ဦးတို့အား ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး စိတ်ချရသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ရောဂါကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးခဲ့ကြသည်။


အဆိုပါ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/ သူများအတွက် ပါးစပ် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မော်လိုက်သားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)