မင်းလှ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံ

 


 MNP - စက်တင်ဘာ   ၅


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား/ ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေးခြင်းကို အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်‌ခဲ့သည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၅၅)ကျောင်းမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၄၄၄၅ ဦးကို တတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး  Booster Dose ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ထို့အပြင် ဆေးထိုးစုရပ်နေရာများဖြစ်သည့် အ.ထ.က မင်းလှ(မြို့ပြင်)၊ အ.ထ.က စိန်ကန့်လန့်၊ အ.ထ.က စစ်ကွင်း၊ အ.ထ.က ရေကျော်၊ အ.ထ.က ရွှေလောင်း၊ အ.ထ.က(ခွဲ)ကိုင်းပြင်ကြီး၊ အ.ထ.က(ခွဲ)ဦးတိုစာဖြူစု၊ အ.ထ.က(ခွဲ)ကညင်ပင်တို့တွင် ကျောင်းအုပ်စုခွဲများအလိုက် တတိယအကြိမ်ကိုဗစ်- ၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)