နတ်တလင်းမြို့၌ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း Booster Dose ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့၌ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း Booster Dose ထိုးနှံပေး



MNP - စက်တင်ဘာ   ၆


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နတ်တလင်းမြို့၊ မြို့မအ.ထ.ကကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၉၄)ဦး၊ အ.ထ.ကနတ်တလင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၄၀၆)ဦးတို့အား ထိုးနှံပေးခဲ့သည်။


အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် နတ်တလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း Booster Doseအဖြစ် ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ အခြေခံပညာကျောင်းများတွင် သတ်မှတ်စုရပ်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ဝန်ထမ်းများကထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဝေယံဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)