တွံတေး၌ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)နှင့် (Booster Dose)ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေး၌ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)နှင့် (Booster Dose)ထိုးနှံ

 


MNP - စက်တင်ဘာ   ၇


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တွံတေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၂)နှစ်နှင့်(၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် တတိယအကြိမ် Booster Dose ကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် အဆိုပါကျောင်းယုဇနခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် (ပထမအကြိမ်)အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်အတွင်းကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်သူများအား (တတိယအကြိမ်) Booster Dose  ထိုးနှံသူ(၉၁)ဦးတို့အား ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေးလာရောက်ထိုးနှံကြသော ကျောင်းသား၊ ကျောင်းသူများကို စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉‌ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို တွံတေးမြို့နယ် ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာမိုးမိုးစံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - တွံတေးသား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)