မင်းလှမြို့၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး

 


MNP - စက်တင်ဘာ  ၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အသက်၁၂ နှစ်နှင့်အထက် အခြေခံ ပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို သတ်မှတ်ထားသော ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။


ဆေးထိုးနှံခြင်းအစီအစဉ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှုး၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ တာဝန်ရှိသူများပူး‌ပေါင်း‌ကာ ဆေးထိုးစုရပ်နေရာများဖြစ်သည့် အ.ထ.က မင်းလှ(မြို့ပြင်)၊ အ.ထ.က စိန်ကန့်လန့်၊ အ.ထ.က စစ်ကွင်း၊ အ.ထ.က ရေကျော်၊ အ.ထ.က ရွှေလောင်း၊ အ.ထ.က(ခွဲ) ကိုင်းပြင်ကြီး၊ အ.ထ.က(ခွဲ) ဦးတိုစာဖြူစု၊ အ.ထ.က(ခွဲ) ကညင်ပင်တို့တွင် ကျောင်းအုပ်စုခွဲများအလိုက် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။


မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၅၅)ကျောင်းမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ (၄၅၈၇)ဦးကို တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး  Booster Dose ထိုးနှံပေးမည်ဖြစ်ရာ စက်တင်ဘာ ၆ ရက်နေ့ထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၈၅၆) ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။


သတင်း - ပေါက်စ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)