မအီမြို့ အမှတ်(၄)ရပ်ကွက်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster) ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ အမှတ်(၄)ရပ်ကွက်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster) ဆက်လက်ထိုးနှံ





MNP ၊ စက်တင်ဘာ    ၁၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြိုတွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို ညွှန်ကြားချက်နှင့်အညီ သတ်မှတ်အကြိမ်ရေ ပြည့်မီစွာ ထိုးနှံပေးနိုင်ရေးအတွက် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ပြည်သူအခြေပြုအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် ဒုတိယုအကြိမ်နှင့် တတိယအကြိမ် ထပ်ဆောင်း(Booster) ထိုးနှံခြင်းများကို  ယနေ့နံနက်ပိုင်းက မအီမြို့ (၄)ရပ်ကွက်၊ သုခကာရီဘုန်းတော်ကြီးကျောင်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းထိုးနှံခဲ့ကြောင်း သိရသည်။ 


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆး ထိုးနှံပေးခဲ့ကြသည်။ 


အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများ၊ အခြေခံပညာကျောင်းများကိုလည်း သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ကျန်းမာရေးဝန်ထမ်းများနှင့် ညှိနှိုင်းပြီး ဆက်လက်ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)