မအီမြို့ ချက်ဖောက်ကျေးရွာအုပ်စုတွင် ကျောင်းအခြေပြု/ပြည်သူအခြေပြု ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster) ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ ချက်ဖောက်ကျေးရွာအုပ်စုတွင် ကျောင်းအခြေပြု/ပြည်သူအခြေပြု ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster) ဆက်လက်ထိုးနှံ




MNP ၊ စက်တင်ဘာ  ၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသူ၊ ကျောင်းသားများအား မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မအီမြို့နယ်၊ ချက်‌ဖောက်ကျေးရွာအုပ်စုတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ဒုတိယအကြိမ်ထိုးနှံခြင်းနှင့် ပြည်သူအခြေပြုအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးပထမ၊ ဒုတိယုနှင့် တတိယအကြိမ် ထပ်ဆောင်း(Booster) ထိုးနှံကြမည့် ပြည်သူများအား  ယမန်နေ့က ချက်ဖောက်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကွင်းဆင်းထိုးနှံခဲ့ကြောင်း သိရသည်။ 


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆး ထိုးနှံပေးခဲ့ကြသည်။ 


အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးရာ (အ လ က)သို့ ချက်ဖောက်ကျေးရွာအုပ်စုအတွင်းရှိ ခမောင်းတွင်းကျေးရွာနှင့် တောင်ကြီးကျေးရွာမှ ပြည်သူများကလည်း လာရောက်ထိုးနှံခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများကို သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများနှင့် ညှိနှိုင်းပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)