ကာလိမြို့၌ ကျောင်းသား/သူများအား Boster Dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာလိမြို့၌ ကျောင်းသား/သူများအား Boster Dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး



MNP - စက်တင်ဘာ  ၂၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ကျောင်းသား/သူများအား Boster Dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီ အချိန်ခန့်က ကာလိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါဆောင်ရွက်မှုတွင် ကျန်းမာရေးဝန်ထမ်းများက အ.ထ.က ( ကာလိ ) ကျောင်းမှ ကျောင်သား / သူများ၊ အ.လ.က(ဟိုပန်)ကျောင်းမှ ကျောင်းသား/သူများ၊ အ.လ.က-ခွဲ (ကျိုင်းလွန်း) ကျောင်းမှ ကျောင်းသား/သူများ စုစုပေါင်းအင်းအား (၂၄၀)ဦးခန့် Boster Dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့က သွားရောက်ကြည့်ရှုပြီး  လိုအပ်သည်များ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)