ပန်းတနော်တွင် ကွန်ကရစ်လမ်းခင်းနေမှုနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် (Box Culvert) ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်တွင် ကွန်ကရစ်လမ်းခင်းနေမှုနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် (Box Culvert) ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

 



MNP - စက်တင်ဘာ  ၆


ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းနေမှုနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် (Box Culvert) ဆောင်ရွက်နေမှု အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၈၈၁၀၀၀၀ ဖြင့် ဆောင်ရွက်လျက်ရှိသော ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက် မင်းရဲကျော်စွာလမ်းအား လမ်းအရှည်ပေ ၄၃၀၊ အကျယ် ၁၀ ပေ၊ ၆ လက်မထုဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုနှင့် အရှေ့ပိုင်းရပ်ကွက် ရွေမြင်တင်လမ်းနှင့် အင်ကြင်းလမ်းထောင့်တွင် Box Culvert တည်ဆောက်ခြင်းအား အရှည် ၁၈ ပေ၊ အကျယ် ၃ ပေ၊ အမြင့် ၅ပေဖြင့် ဆောင်ရွက်နေမှု အခြေအနေတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ လမ်းလုပ်ငန်းတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများ အရည်အသွေးပြည့်မှီပြီးစီးရေးနှင့် အချိန်မှီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)