သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အမှတ်(၃) ရပ်ကွက်၊ ကွင်းသာယာလမ်းတွင် Box Culvert တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အမှတ်(၃) ရပ်ကွက်၊ ကွင်းသာယာလမ်းတွင် Box Culvert တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး



MNP - စက်တင်ဘာ  ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အမှတ်(၃) ရပ်ကွက်၊ ကွင်းသာယာလမ်းတွင် Box Culvert တည်ဆောက်ပြီးစီးမှုအား ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ကြည့်ရှု စစ်ဆေးကြသည်။


အမှတ်(၃)ရပ်ကွက်၊ ကွင်းသာယာလမ်းတွင် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြု ရန်ပုံငွေ (၃)သန်းဖြင့် (၂၅ပေ x ၅ပေ x ၅ပေ) Box Culvert တည်ဆောက် ပြီးစီးမှုအခြေအနေအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ကြည့်ရှုစစ်‌ဆေးပြီး ရေရှည်တည်တံ့ရေး ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းဇော်ဝင်းက Box Culvert တည်ဆောက်ခဲ့မှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)