ငဖဲမြို့နယ် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)တွင် ကော်ဖီပင်စည်ထိုးပိုး ကာကွယ်နှိမ်နှင်းခြင်းအတွက် လူထုလှုပ်ရှားမှု Campaign ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)တွင် ကော်ဖီပင်စည်ထိုးပိုး ကာကွယ်နှိမ်နှင်းခြင်းအတွက် လူထုလှုပ်ရှားမှု Campaign ဆောင်ရွက်




MNP - စက်တင်ဘာ  ၂၇


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တောင်ပေါ်ဒေသတွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံကိန်းအရ အပြည့်အဝတိုးချဲ့စိုက်ပျိုးနိုင်ရန်၊ ကော်ဖီသီးနှံအထွက်နှုန်းတိုးတက်ရန်နှင့် အရည်အသွေးကောင်းမွန်သော ကော်ဖီသီးနှံများစိုက် ပျိုးထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီ-သီးနှံဌာနခွဲ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)နှင့် ဥယျာဉ်ဇီဝခြံ (နတ်ရေကန်)တို့ ပူးပေါင်း၍ ကော်ဖီပင်စည်ထိုးပိုးကျရောက်ခြင်းအား ကာကွယ်နှိမ်နှင်းခြင်းအတွက် လူထုလှုပ်ရှားမှု Campaign ကို ယနေ့နံနက်ပိုင်းက ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ငဖဲမြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးသန်းအောင်က ကော်ဖီတိုးချဲ့စိုက်ပျိုးထုတ် လုပ်နိုင်ရေးစီမံကိန်းနှင့် ကော်ဖီပင်စည်ထိုးပိုးကျရောက်ခြင်းအား ကာကွယ်နှိမ်နှင်းခြင်းအတွက် လူထုလှုပ်ရှားမှု Campaign ပြုလုပ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်) တာဝန်ခံ ဦးဇော်သိန်းက ကော်ဖီပင်စည်ထိုးပိုးဖျက်ဆီးခံရပါက ကော်ဖီပင်များသေဆုံး၍ စီးပွားရေးထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ပြောင်းလဲလာသည့်ရာသီဥတုနှင့် အပူချိန်မြင့်တက်လာမှုကြောင့် ကော်ဖီခြံများတွင် ပင်စည်ထိုးပိုးများကျရောက် လာနိုင်ကြောင်း၊ တက်ရောက်လာသည့် ကော်ဖီစိုက်တောင်သူများအနေဖြင့် ကော်ဖီပင်စည်ထိုးပိုးအန္တရာယ်ကို သတိပြုကာကွယ်ကြရန်နှင့် ကာကွယ်နှိမ်နှင်းရေးဆောင် ရွက်ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် ကော်ဖီစိုက်တောင်သူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)နှင့် ဥယျာဉ်ဇီဝခြံ (နတ်ရေကန်) အတွင်း ကော်ဖီပင်များတွင် ကော်ဖီပင်စည်ထိုးပိုးကာကွယ်နှိမ်နှင်းခြင်းအတွက် လူထုလှုပ်ရှားမှု Campaign ကို ဆက်လက်ဆောင်ရွက်မှုတွင် ကော်ဖီပင်များကို ကြိုတင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကာကွယ်နှိမ်နှင်းရေး အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ကော်ဖီခြံတာဝန်ခံနှင့်ဝန်ထမ်းများ၊ တောင်ပေါ်ဒေသကျေးရွာ (၁၀)အုပ်စုမှ ကော်ဖီစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - မယု 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)