ကျိုက်လတ်မြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်း လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အားကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်မြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်း လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အားကြည့်ရှုစစ်ဆေး




MNP - စက်တင်ဘာ  ၂၆


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂ဝ၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျုံသိဝကျေးရွာအုပ်စု၊ အလန်းဒွတ်ကျေးရွာတွင် ငွေကျပ်သိန်း (၁၀၀)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းအား စက်တင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်း က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုစစ်ဆေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသ များရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အဦဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀) အနက် လုပ်အားခ (၃၈%)နှင့် ပစ္စည်းဖိုး (၆၂%) ဖြင့် CFW စီမံကိန်းအား ကျေးရွာအနေဖြင့် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အလန်းဒွတ်ကျေးရွာတွင်း လမ်းမြေသား ဘောင်ခတ်သဲခင်းခြင်းလုပ်ငန်း ပေ ၆၀၀၀၊ အကျယ် ၇  ပေ၊ ထု ၉ လက်မအား ဆောင်ရွက်နေခြင်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်၊ အဖွဲ့ဝင် (၃) ဦးထွန်းဆွေ၊ အတွင်းရေးမှူး ရဲမှူး စိန်လွင်အောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)