မြိတ်မြို့တွင် ပုလဲမွေးမြူခြင်းဆိုင်ရာပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် “ မုတ်ကောင် သားဖောက် မွေးမြူခြင်းနှင့်မုတ်ကောင်သားပေါက် Collector များ ရေချမွေးမြူထိန်းသိမ်းခြင်း” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် ပုလဲမွေးမြူခြင်းဆိုင်ရာပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် “ မုတ်ကောင် သားဖောက် မွေးမြူခြင်းနှင့်မုတ်ကောင်သားပေါက် Collector များ ရေချမွေးမြူထိန်းသိမ်းခြင်း” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



MNP - စက်တင်ဘာ   ၁


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပုလဲမွေးမြူခြင်းဆိုင်ရာ ပညာရပ်များဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အသွေးကောင်းမွန်သည့် ရွှေ ရောင်၊ ငွေရောင်ပုလဲများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် “မုတ်ကောင်သားဖောက် မွေးမြူခြင်းနှင့် မုတ်ကောင်သားပေါက် Collector များရေချမွေးမြူထိန်းသိမ်းခြင်း”ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်(၃၁)ရက်က  Grand Jade ဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့် တက်ရောက်အမှာစကားပြောကြားသည်။


အလုပ်ရုံဆွေးနွေးပွဲကို အရည်အသွေးကောင်းမွန်သည့် ရွှေရောင်၊ငွေရောင် ပုလဲများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတော်ဝင်ငွေရရှိရေး၊ တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရပ်ပိုင်းဆိုင်ရာများ တိုးတက်ရေးနှင့် မိခင်မုတ်ကောင်မှ သားပေါက်မုတ်ကောင်များ ရှင်ကျန်နှုန်း ပိုမိုကောင်းမွန်စေရေး၊ ဝတ်ဆံသွင်းခြင်း၊ ရေချမွေးမြူခြင်း  ပိုမိုတိုးတက်လာကြစေရေး၊ အရည်အသွေးကောင်းမွန်သည့် ပုလဲများ ထုတ်လုပ်နိုင်ရေးနှင့် ပုလဲကဏ္ဍ ယခုထက်ပိုမိုတိုးတက်မြင့်မားစေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး  မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် ပုလဲမွေးမြူထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများမှ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က မုတ်ကောင်သား ဖောက်ပုလဲမွေးမြူရေးလုပ်ငန်းသည် ထုတ်သုံး၍မကုန်ခမ်းနိုင်သည့် ပြန်လည် ပြည့်ဖြိုး မြဲသယံဇာတ (Renewable Resources)ဖြစ်သည့်အပြင် ရေရှည်အကျိုးရှိသည့် စီးပွားရေးလုပ်ငန်းဖြစ်သောကြောင့် နိုင်ငံတော်နှင့်ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပေါ်စေရန်အတွက် ပြည်တွင်း/ ပြည်ပကုမ္ပဏီများအနေဖြင့် အရည်အသွေးကောင်းမွန်သည့် ရွှေရောင်၊ငွေရောင်ပုလဲများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။


ထို့နောက် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးအောင်က အမှာစကားပြောကြားပြီး  မုတ်ကောင်မွေးမြူသည့် ပညာရှင်များက မျိုးကောင်းမျိုးသန့် မိခင်မုတ်ကောင်များ ရွေးချယ်စုဆောင်းခြင်း၊ မုတ်ကောင်သားဖောက်မွေးမြူခြင်း၊  မုတ်ကောင် သားပေါက် အစာမွေးမြူခြင်း (Phyto plankton Culture)၊  မုတ်ကောင်သားပေါက် Collector များရေချ မွေးမြူထိန်းသိမ်းခြင်း၊ တည်ငြိမ်သော အရည်အသွေးမြင့်ပုလဲများကို ရေရှည်တည်တံ့ခိုင်မြဲစွာ ထုတ်လုပ်ခြင်း စသည့် ခေါင်းစဉ်များအလိုက် ဆွေး နွေးခဲ့ကြသည်။


ပညာရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် မုတ်ကောင်သားဖောက်မွေးမြူခြင်းအဖွဲ့နှင့် မုတ်ကောင် သားပေါက်ရေချ မွေးမြူထိန် းသိမ်းခြင်း အဖွဲ့(၂)ဖွဲ့ခွဲ၍ အပြန်အလှန်ဆွေးနွေး ဆောင်ရွက်ခဲ့ကြ၍ အဖွဲ့လိုက်ဆွေးနွေးချက်များကို  ပြန်လည်ရှင်းလင်းတင်ပြကြပြီး  ဆွေး နွေးချက် ရလဒ်များအား အတည်ပြုမှတ်တမ်းတင်ခဲ့ကြကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပုလဲမွေးမြူခြင်းဆိုင်ရာ ပညာရပ်များဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးပွဲ ရလဒ်ရှေ့လုပ်ငန်းစဉ်များအား အတည်ပြု၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ခိုင်ထူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)