ရွှေပြည်သာမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေပြည်သာမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

23


MNP - စက်တင်ဘာ   ၁၁


ပြည်သူများ စိုက်ပျိုးရေးဆိုင်ရာများနှင့် ပတ်သက်ပြီး သိရှိနားလည်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက် ၉ နာရီက ရွှေပြည်သာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်မြင့်နှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး Talk Show ကို ကျင်းပ ပြုလုပ်ခဲ့သည်။


အဆိုပါ Talk Show တွင် ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ‌ဒေါ်အေးအေးမိုးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီး အရာရှိ ဦးခင်မောင်မြင့်က ရွှေပြည်သာမြို့နယ်ဟာ စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာရှိတဲ့ မြို့ဖြစ်ကြောင်း၊ မြို့မြေထဲမှာစိုက်ပျိုးရေးလုပ်ငန်း များကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဓိကလုပ်ငန်းတာဝန်ကြီး (၃)ရပ်အပေါ် အခြေခံ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးစပါးစိုက်ဧက ၇၃၁ ဧကရှိပြီး ဟင်းသီးဟင်းရွက်စိုက်ဧက ၈၀ ဧကရှိကြောင်း၊ တောင်သူပညာပေးလုပ်ငန်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ၊ ရွှေခရုကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ မိုးစပါးမျိုးသန့်၊ မျိုးစေ့ထုတ်လုပ်ငန်းများ၊ မိုးစပါးစမ်းသပ်ကွက်၊ စံပြကွက်လုပ်ငန်း များနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း ဆောင်းသီးနှံစိုက်ပျိုးခြင်း၊ မှိုမျိုးစုံစိုက်ပျိုးရေးလုပ်ငန်းများကို တောင်သူ ပညာပေးအနေဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အေးမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages