သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်း ကျင်းပ


MNP ၊ စက်တင်ဘာ  ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးများအဖွဲ့ (Woman Club) တို့ပူးပေါင်း၍ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက စာရေးဆရာDrမြင့်သန်းထွန်း၏ “ပြည်သူများအတွက်ကျန်းမာရေးဆိုင်ရာအကြံပြုချက် ဆောင်းပါးများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ဝင်းမြတ်ဖြူက "သဝန်တိုခြင်းနှင့်ကျန်းမာရေး "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့အတွင်းရေးမှူးဒေါ်သင်းသင်းမာက"စိတ်ဖိစီးမှုနှင့်ကျန်းမာရေးပြဿနာများ"ခေါင်းစဉ်ဖြင့် လည်းကောင်း  ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှဒေါ်သန်းသန်းနွယ်က"ပင်စင်စားများနှင့် ကျန်းမာရေး "ခေါင်းစဉ်ဖြင့်လည်းကောင်း၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က "ကိုယ်ခန္ဓာအဝလွန်ခြင်းနှင့် ကျန်းမာရေး "ခေါင်းစဉ်ဖြင့်အသီးသီးဆွေးနွေးခဲ့ကြပါသည်။

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန် (၃)ရပ်ဖြစ်သော  ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် ဆိုသည်နှင့်အညီ  ပြည်သူများအတွက် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း၊ရွေ့လျားစာကြည့်တိုက်လုပ်ငန်း၊ အသိပညာပေးအစီအစဉ်များ ရိုက်ကူး ထုတ်လွှင့်ပေးခြင်း၊ စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင်ပြသခြင်း၊  ပြပွဲပြိုင်ပွဲများကျင်းပပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။


စန္ဒာကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)