လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြိုင်ပွဲများပြုလုပ်

 


MNP - စက်တင်ဘာ   ၈


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လူငယ်လူရွယ်လေးများ အသိပညာတိုးပွားစေရန်နှင့် ကာယဉာဏ စွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ Hlaine Tet Private School မှ ကျောင်းသား/ ကျောင်းသူများ အားဖိတ်ခေါ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ပြောကြားခဲ့ပြီး လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre ၊ စာကြည့်တိုက်ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲအား လည်းကောင်း၊ သင်တန်းခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား လည်းကောင်းကျင်းပရာ ကျောင်းသား/ ကျောင်းသူများက မိမိတို့သက်ဆိုင်ရာ ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။


ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန Community Centre ၊ စာကြည့်တိုက်ခန်းမတွင် ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များနှင့် နံရံကပ်ပြဘုတ်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)