ကန်ကြီးထောင့်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) မှတ်တမ်းများအား e-ID Software အတွင်း ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) မှတ်တမ်းများအား e-ID Software အတွင်း ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီး



MNP - စက်တင်ဘာ  ၂၃             


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) မှတ်တမ်း များအား e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base အတွင်း ရေးသွင်းခြင်းကို ဝန်ထမ်းအင်အား ၁၃ ဦး၊ Laptop ၁၃ လုံးဖြင့် ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။


အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) နိုင်ငံသား တစ်ဦးချင်း၏ နိုင်-၄ မှတ်တမ်းများအား e-ID စနစ် ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base အတွင်း ထည့်သွင်းဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ကြီးကြပ်မှုဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဆွေက ဦးဆောင်ဆောင်ရွတ်ခဲ့ရာ  စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးခဲ့ကြောင်း သိရသည်။         


ကန်ကြီးထောင့်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) နိုင်ငံသားတစ်ဦးချင်း၏ နိုင်-၄ မှတ်တမ်း များ ဆောင်ရွက်ရန် လုပ်ငန်းလျာထားချက်  (၄၄၀၄၀) ရှိရာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် လုပ်ငန်းများ ၁၀၀ % ပြီးစီးခဲ့ပြီဖြစ်ကြောင်း သက်ဆိုင်ရာမှသိရသည်။


သတင်း - မဇင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)