ကျောင်းကုန်းမြို့၌ e-ID စနစ် ကွန်ပျုတာရိုက်သွင်းခြင်းလုပ်ငန်း ၇၀% ခန့်ပြီးစီးပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ e-ID စနစ် ကွန်ပျုတာရိုက်သွင်းခြင်းလုပ်ငန်း ၇၀% ခန့်ပြီးစီးပြီဖြစ်



MNP - စက်တင်ဘာ  ၈


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဦးစီးမှူးရုံး၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၌ ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆)များအား e-ID စနစ် အတွင်း ထည့်သွင်းနေမှုသို့ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ အဖွဲ့ဝင်(၃) မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးအောင်စိုးတို့က ကွန်ပျုတာရိုက်သွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ကြသည်။


ကျောင်းကုန်းမြို့နယ်အနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)အရေအတွက် (၅၂၁၁၆)စု ထည့်သွင်းရ မည့်အပေါ် (၃၅၅၇၅)စု ထည့်သွင်းဆောင်ရွက် ပြီးဖြစ်သဖြင့် (၆၉.၉၇)% ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ် လ.ဝ.ကရုံးက သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)