လင်းခေးခရိုင် E-Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လင်းခေးခရိုင် E-Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပ

 



MNP - စက်တင်ဘာ   ၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ E-Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၁၅:၀၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လင်း‌ခေးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမြင့်က ဤဦးစီးဌာန၊ လင်းခေးခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများတွင် ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်များ အခန်းကဏ္ဍမြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြင့်မားရေးအတွက် သမားရိုးကျစနစ်ဖြစ်သော စာအုပ်စာစောင်များမှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးဆွဲခြင်း၊ စာအုပ်စာစောင်ငှားရမ်းခြင်းလုပ်ငန်းများအား ပြောင်းလဲတိုးတက်လာသော နည်းပညာများနှင့်အညီ ခေတ်စနစ်နှင့်လိုက်လျောညီထွေဖြစ်စေမည့် Digital Library စနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် E-Library Management System Software အသုံးပြုနည်းဆင့်ပွားသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ပြီးစီးပါက သင်တန်းသားများအနေဖြင့် သင်ကြားခဲ့ရသည့်ပညာရပ်များကို လက်တွေ့လုပ်ငန်းတွင် ထိရောက်စွာအသုံးချနိုင်ရန်၊ အခြားဝန်ထမ်းများကိုလည်း ပြန်လည်မျှဝေဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားပါသည်။


အဆိုပါသင်တန်းအား လင်းခေးခရိုင်အတွင်းရှိ လင်းခေး၊ မိုးနဲ၊ မောက်မယ်၊ မိုင်းပန်၊ ကျိုင်းတောင်းနှင့် ဟိုမိန်းမြို့ရုံးမှ ဒုတိယဦးစီးမှူး(စာကြည့်တိုက်တာဝန်ခံ)များနှင့် စာကြည့်တိုက်လက်ထောက်-၃ ဝန်ထမ်းများစုစုပေါင်း (၁၀)ဦးတို့ဖြင့် ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)