MNP ၊ စက်တင်ဘာ ၂၅
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မျိုးစေ့ဆိုင်ရာနည်းပညာပေးသင်တန်းနှင့် EM ရွက်ဖျန်းမြေသြဇာ ပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကိုယမန်နေ့ညနေပိုင်းက မုတ္တမကျွဲခြံကျေးရွာ၌ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှုးဒေါ်သင်းသင်းဆင့်၊ခရိုင်မျိုးစေ့တာဝန်ခံ ဦးကျော်စိုးဟန်၊ပေါင်မြို့နယ်ဦးစီးမှုး ဦးကျော်စွာလှိုင်၊မုတ္တမကျွဲခြံ အုပ်ချုပ်ရေးမှုးနှင့်တောင်သူများတက်ရောက်ခဲ့ကြသည်။
အဆိုပါသရုပ်ပြပွဲတွင် သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သင်းသင်းဆင့်၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးကျော်စိုးဟန်နှင့် မြို့နယ်စိုက်ပညာရှင်ဝန်ထမ်းများမှ မျိုးစေ့ဆိုင်ရာနည်းပညာပေးသင်တန်းနှင့် EM ရွက်ဖျန်းမြေသြဇာ ပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပေးခဲ့ရာ တောင်သူ(၂၇) တို့တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးအထွက်နှုန်း မြင့်မားရေး လျာထားချက်ထက် ပြည့်မီကျော်လွန်စေရန် ရည်ရွယ်၍ ဤသရုပ်ပြပွဲကိုပြုလုပ်ရခြင်းဖြစ်သည်။
တင်ဇာစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment