အမြန်လမ်းတွင် Express ယာဉ်(၁)စီး ဘီးပေါက်ပြီး လမ်းလယ်ကျွန်းတိုက်မိကာ ယာဉ်နောက်လိုက် ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမြန်လမ်းတွင် Express ယာဉ်(၁)စီး ဘီးပေါက်ပြီး လမ်းလယ်ကျွန်းတိုက်မိကာ ယာဉ်နောက်လိုက် ဒဏ်ရာရ





MNP ၊ စက်တင်ဘာ ၂၆

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊  မိုင်တိုင်အမှတ် (၁၅၁/၁) နှင့် (၁၅၂/၂ ) အကြား၌ SCANIA (အမျိုးအစား) Express ယာဉ်(၁)စီး ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ် ဝင်ရောက်တိုက်မိကာ တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ပြီး ယာဉ်နောက်လိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာ ၂၆ ရက်) မနက် ၅ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာသို ဗောဓိကုန်း အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ စုစုပေါင်း(၈)ဦးအနက် ယာဉ်နောက်လိုက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အမြန်လမ်းအရေးပေါ်သူနာတင်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)