တနင်္သာရီမြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၉နှစ်မှ၁၂နှစ်)အတွင်း ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၉နှစ်မှ၁၂နှစ်)အတွင်း ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေး




MNP - စက်တင်ဘာ   ၂၇


တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ အသက် (၉နှစ်မှ၁၂နှစ်)အတွင်း ကျောင်းသူများအား (Human Papilloma Vitus)(HPV)သားအိမ်ခေါင်း ကင်ဆာနှင့်မျိုးပွါးလမ်းကြောင်း၌ ဖြစ်ပွားတတ်သောကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်မည့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ညောင်ပင်ကွင်း ကျေးရွာအုပ်စုအတွင်းရှိ အခြေခံ ပညာကျောင်းများတွင် စတင်ထိုးနှံပေးကြောင်း သိရသည်။


ထိုသို့ (HPV)သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးရာမှာ အထက-ညောင်ပင်ကွင်းမှကျောင်းသူ(၉၇)ဦး၊ အလက-ဂဏန်းကွင်းမှ(၂)ဦး၊ မူလွန်-ကျွဲထိန်းကုန်းမှ(၆)ဦး၊ အလက(ခွဲ) ညောင်ပင်ကွင်းအနောက်မှ(၂၄)ဦး၊ အမက-ထုံမခါမှ(၁၆)ဦး၊ အလက(ခွဲ)မုတ်ဆိတ်ကွင်းကျောင်းမှ(၂၃)ဦး ပေါင်း(၁၆၈)ဦးအား ညောင်ပင်ကွင်းရွာကျေးလက်ကျန်းမာရေးဌာန လ/ထကျန်းမာရေးမှူးမှူး ဦမြတ်သီလက ကြီးကြပ်လျက် ကျေးလက်ကျန်းမာရေးဌာနဆရာမများက သက်ဆိုင်ရာ ကျောင်းများအထိသွားရောက်၍ ထိုးနှံပေးကြကြောင်း သိရသည်။


သတင်း - နန်းသာရီ-ထိန်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)