မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် (ICRC)မှ ကျောက်ကြီးမြို့ရှိ မိုင်းကြောင့်ထိခိုက်ကိုယ်အင်္ဂါစွန့်လွှတ်ရသူများအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် (ICRC)မှ ကျောက်ကြီးမြို့ရှိ မိုင်းကြောင့်ထိခိုက်ကိုယ်အင်္ဂါစွန့်လွှတ်ရသူများအား ထောက်ပံ့ငွေပေးအပ်




MNP - စက်တင်ဘာ   ၂၉


ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် (ICRC)ကိုယ်စားမြို့နယ် ကြက်ခြေနီအသင်ခွဲနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ မိုင်းကြောင့်ထိခိုက်ကိုယ်အင်္ဂါစွန့်လွှတ်ရသူများအား ထောက်ပံ့ငွေပေးအပ်ခဲ့သည်။


ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူးက မြေမြုပ်မိုင်းကြောင့် ကိုယ်အင်္ဂါစွန့်လွှတ်ရသူနှင့် မိသားစုဝင်များ လတ်တလော စားဝတ်နေရေးအခက်အခဲဖြစ်နိုင်သည့်အတွက် ငွေကြေးအားဖြင့် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး၊ သြဂုတ်လ ၃၀ ရက်နေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျောက်ကြီးမြို့ အောင်သုခရပ်ကွက်နေသူ ဦးနေအောင်သည် ဇနီးဖြစ်သူနှင့်အတူ ၎င်းနေအိမ်မှ ကျောက်ကြီးမြို့၏ အရှေ့မြောက်ဘက်(၈)မိုင်ခန့်အကွာရှိ မလွမ်းပိုတောင်သို့မော်တော်ဆိုင်ကယ်ဖြင့် မျှစ်ချိုးရန်သွားရောက်စဉ် ဦးနေအောင်သည် နင်းမိုင်း(၁)လုံးနင်းမိပေါက်ကွဲခဲ့ရာ ၎င်း၏ဝဲဘက်ခြေကျင်းဝတ် ပေါက်ပြဲစုတ်ပြတ်ဒဏ်ရာရရှိခဲ့၍ ကျောက်ကြီးမြို့၊ ပြည်သူ့ဆေးရုံမှတဆင့် တောင်ငူမြို့၊ ပြည်သူ့ဆေးရုံသို့လွဲပြောင်း ဆေးကုသမှုခံယူလျက်ရှိမှုနှင့် စက်တင်ဘာ ၁၈ ရက်နေ့ နေလည် ၂ နာရီအချိန်ခန့်တွင် ကျောက်ကြီးမြို့နယ် မီးတိုင်တောကျေးရွာအုပ်စု ကော့ပြင်းကျေးရွာနေ ဦးမောင်သိန်းသည် ၎င်းနေအိမ်မှ ကော့ပြင်းကျေးရွာ အရှေ့ဘက် ၂ ဖာလုံခန့်အကွာရှိ မိမိပိုင် သီဟိုဠ်ခြံသို့သွားစဉ် နင်းမိုင်း(၁)လုံးနင်းမိပေါက်ကွဲခဲ့၍ ဦးမောင်သိန်း၏ ညာဘက်မျက်နှာနှင့် ခြေထောက်တို့ မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး မုန်းဒေသတိုက်နယ်ဆေးရုံမှတဆင့် တောင်ငူမြို့ စစ်ဆေးရုံသို့ လွဲပြောင်းဆေးကုသမှုခံယူလျက်ရှိမှုအပေါ် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် (ICRC)ကိုယ်စား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ လူသားချင်းစာနာထောက်ထားမှုအရ၊ အဆိုပါ မြေမြုပ်မိုင်းကြောင့် ကိုယ်အင်္ဂါစွန့်လွှတ်ရသူ ဦးနေအောင်နှင့် ဦးမောင်သိန်းတို့(၂)ဦး၏ လက်သို့ တစဦးလျှင် ငွေကျပ်(၆)သိန်း(၄)သောင်းကျပ်နှင့် လက်ထောက်တစ်စုံစီအား ထောက်ပံ့ပေးအပ်ခဲ့သည်။


ကျောက်ကြီးမြို့နယ်အတွင်း ယခုအချိန်ထိ စစ်တမ်းများအရ မိုင်းအန္တရာယ်ကြောင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရသူ (၃၂၀)ကျော်ခန့်ထိရှိကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)