ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ ကျောင်းသား၊ကျောင်းသူများအား စာဖတ်ရှိန်မြင့်မား‌ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ ကျောင်းသား၊ကျောင်းသူများအား စာဖတ်ရှိန်မြင့်မား‌ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်




MNP ၊ စက်တင်ဘာ  ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ကျောင်းသူများအား စာဖတ်ရှိန်မြင့်မား လာစေရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့သွား ရောက်ပြီး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ သည်။ 


အဆိုပါ ဟောပြောပွဲတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ခင်ဝတ်ရည်နှင်းက “နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းဖြင့် တိုင်းတာလေ့ရှိကြောင်း၊  စာတတ်မြောက်ခြင်းသည် လူတစ်ဦးတစ်ယောက် ၏ဘဝနှင့် လူနေမှုအဆင့်အတန်းကိုသာမက မိသားစုရပ်ကွက်နှင့် လူ့အဖွဲ့အစည်းကိုပါပြောင်းလဲစေနိုင် ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာတတ်မြောက်အောင် စာကိုကြိုးစားကြ စေလိုပါကြောင်း၊ ကျောင်းစာများကိုသာမက အားလပ်ချိန်များတွင် ပြင်ပမှဗဟုသူတရရှိမည့် သုတ၊ ရသစာပေ များကိုလည်း လေ့လာဖတ်ရှုကြစေလိုကြောင်း” စသဖြင့် အသိပညာပေး ‌ဟောပြောခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ကျန်းမာရေးအသိ ပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်များကို ခင်းကျင်းပြသထားရှိရာ ၎င်း IDPs စခန်းရှိ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြပြီး ဒုတိယ ဦးစီးမှူး ဒေါ်ခင်မာအောင်က ကျောင်းသား၊ကျောင်းသူများ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)