IS ထက်ဆိုးတဲ့ PDF နှင့် အကြမ်းဖက်အားပေး လူ့အဖွဲ့အစည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

IS ထက်ဆိုးတဲ့ PDF နှင့် အကြမ်းဖက်အားပေး လူ့အဖွဲ့အစည်း


အကြိမ်(၂၀)မြောက် သတင်းစာ ရှင်းလင်းပွဲမှာ PDF အကြမ်းဖက်သမားများက လည်လှီးသတ်ပြီး ရုပ်သံဖိုင်တွေ လူမှုကွန်ရက်ပေါ်ဖြန့်ဝေကာ ပြည်သူတစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့ အခြေအနေကို ဘာသာရေးအစွန်းရောက် IS အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ နှိုင်းချိန်ပြီး မေးမြန်းခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲဆိုတာ မေးခွန်းပဲ မေးခွန်းရှိတဲ့ နေရာဖြစ်လို့ လိုရင်းကို ရောက်အောင် အတတ်နိုင်ဆုံး ချုံ့ပြီး မေးရတာ ဖြစ်တဲ့အတွက် သတိပြုစရာ အချက်အလက်တချို့ ကျန်ခဲ့ပါတယ်။


IS အကြမ်းဖက်အဖွဲ့ဟာ ကမ္ဘာအရပ်ရပ်က ခရီးသွားပြည်သူတွေကို ဖမ်းဆီးပြီး သူတို့ရဲ့ စတူဒီယိုခန်းထဲမှာ လည်လှီးသတ်ပြပြီး တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ IS အကြမ်းဖက်အဖွဲ့ဟာ နိုင်ငံပေါင်း (၁၉)နိုင်ငံမှာ အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပြီး လူပေါင်း ၈၀၀ ကျော်အထိ သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့ဖြစ်ပါတယ်။ သူတို့တွေကတော့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့ဖြစ်သည်နှင့်အညီ အမျိုးသမီးတွေကို ဖမ်းဆီးပြီးချိန်မှာ ဘာသာကူးပြောင်းခိုင်းတာမျိုး၊ အဓမ္မပြုကျင့်စော်ကားပြီး သတ်ဖြတ်ပစ်တာမျိုးတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ IS အဖွဲ့ထဲမှာ ပါဝင်တဲ့ ဂျီဟတ်ဒစ် ဆိုတဲ့ စစ်သားတွေဟာ ဆီးရီးယားနိုင်ငံ တစ်နိုင်ငံတည်းက မဟုတ်ဘူး။ ဘာသာရေးစစ်ပွဲ ဆင်နွှဲလိုတဲ့ ကမ္ဘာအရပ်ရပ်က မွတ်စလင်တွေက IS အဖွဲ့မှာ သွားရောက်ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ စတူဒီယိုခန်းထဲမှာ ဓားတဝင့်ဝင့်နဲ့ လည်လှီးသတ်ပြနေတဲ့ ဂျီဟတ်ဒစ် ဟာဆိုရင် အင်္ဂလန်နိုင်ငံသားဖြစ်ကြောင်း စိစစ်ဖော်ထုတ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘာသာရေးအစွန်းရောက်မှုဟာ ဘယ်လောက်အထိ ကြောက်စရာကောင်းသလဲ IS က သင်ခန်းစာပေးသွားခဲ့ပါတယ်။ IS ဆိုတဲ့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့ကို ကမ္ဘာ့နိုင်ငံအသီးသီးက ပြစ်တင်ရှုတ်ချ ကန့်ကွက်ခဲ့ကြတယ်။ 


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စပြီး မြန်မာနိုင်ငံရေးမှာ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အုပ်စုတွေ ပေါ်ပေါက်လာခဲ့တယ်။ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အုပ်စုများကို အဓိက ဦးဆောင်သူတွေကတော့ အာဏာလက်မဲ့ဖြစ်သွားတဲ့ NLD ပါတီက ပုဂ္ဂိုလ်များနဲ့ ၎င်းတို့ရဲ့ မိတ်ဖက် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်း အမည်ခံထားတဲ့ ပြည်ပသြဇာခံအဖွဲ့အစည်းထဲက နိုင်ငံရေးသမားဆိုသူတွေက အဓိက ဦးဆောင်ပါတယ်။


NLD ပါတီရဲ့ မဲလိမ် မဲခိုး မဲမသမာမှုတွေကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်တဲ့အချိန်မှာ အာဏာလက်မဲ့ဖြစ်သွားသူတို့ ဖုတ်ပူမီးတိုက် ဆူပူဆန္ဒပြမှုတွေ လုပ်ဖို့ ပြည်သူတွေကို လှုံ့ဆော်လာကြပါတယ်။ သံပုံးတီး၊ ဒယ်အိုးခေါက်ကနေစပြီး ပြည်သူတွေကို လှုံ့ဆော်ခဲ့ကြပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ လူငယ်တွေကို ငွေနဲ့ မျှားခေါ်ပါတယ်။ နောက်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲ စေလွှတ်ပြီး လူငယ်တွေကို အကြမ်းဖက်သမားစရိုက် သွပ်သွင်းခဲ့ကြပါတယ်။


NLD ပါတီကပုဂ္ဂိုလ်များနဲ့ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းက ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူများကတော့ တစ်ဖက်နိုင်ငံဘက်ကို အလျှိုလျှိုထွက်ပြေးသွားကြပြီး အကြမ်းဖက်သင်တန်းတက်ထားတဲ့ လူငယ်တွေကို အစိုးရရုံးဌာနတွေကို ဖျက်ဆီးဖို့၊ စာသင်ကျောင်းတွေကို ဖျက်ဆီးဖို့၊ CDM မလုပ်တဲ့ ဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်ဖို့ မင်းကိုနိုင်၊ ဇော်ဝေစိုး၊ ဆာဆာ၊ ပန်ဆယ်လို၊ မျိုးရန်နောင်သိန်း၊ မျိုးထိုက်တန်သိန်း အစရှိတဲ့ အာဝဇ္ဇာန်းရွှင်ပြီး ကူလီကူမာ ပြောနိုင်စွမ်း ရှိသူတွေက နေ့စဉ်လှုံ့ဆော်တိုက်တွန်းခဲ့ကြပါတယ်။


အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ မှိုင်းမိပြီး တစ်ပတ်လောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲမှာ သွားပြီး သင်တန်းတက်ခဲ့တဲ့ PDF အကြမ်းဖက်သမားတွေက လက်နက်လည်းရတယ်။ လူသတ် အကြမ်းဖက် လုပ်ရပ်တွေ လုပ်နိုင်ရင် ငွေလည်း ရတယ်ဆိုတဲ့ အခါမှာ အကြမ်းဖက်လုပ်ရပ်တွေအပေါ် စိတ်အားထက်သန်စွာ လုပ်ဆောင်လာကြပါတယ်။ 


ဒီမိုကရေစီအရည်ခြုံထားတဲ့ ပြည်ပြေးနိုင်ငံရေးလုပ်စားသူ ဝရမ်းပြေးတွေဟာ သူတို့ကို ထောက်ခံအားပေးခြင်း မရှိသူ မှန်သမျှကို ပစ်မှတ်ထားပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ရှင်းလင်းသုတ်သင်ဖို့ လှုံ့ဆော်မှုတွေ လုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ အဓိက ပစ်မှတ်တွေကတော့ CDM မလုပ်တဲ့ ဝန်ထမ်းတွေ၊ USDP ပါတီဝင်တွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ လက်နက်၊ ငွေကြေး ထောက်ပံ့ပေးမှုနဲ့အတူ PDF အကြမ်းဖက်သမားများဟာ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာ နိုင်ငံတော် ထုတ်ပြန်ချက် စာရင်းများအရ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၃၆၀၀ ကျော်အထိ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

နိုင်ငံပေါင်း ၁၉နိုင်ငံမှာ ဘာသာရေးအစွန်းရောက် အကြမ်းဖက်လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တဲ့ IS အကြမ်းဖက်အဖွဲ့ထက် ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေဖွဲ့စည်းထားတဲ့ CRPH, NUG, PDF နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုဟာ အဆမတန် သာလွန်နေတာကို တွေ့ကြရမှာဖြစ်ပါတယ်။


အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၃၆၀၀ ကျော်အထိ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ CRPH, NUG, PDF အကြမ်းဖက် အဖွဲ့ဝင်တွေအပေါ် အကြမ်းဖက်နှိမ်နင်းရေးတာဝန်ယူထားတဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက အလေးထား နှိမ်နင်းဆောင်ရွက်ပါသလားဆိုတာကို ဆက်လက်ဆန်းစစ်ကြည့်ရအောင်ပါ။


ကိုယ်တွေ့ဖြစ်စဉ်တစ်ခု ရန်ကုန်မြို့ပေါ်မှာ လက်လုပ်ဗုံးစမ်းသပ်ရင်း နေအိမ်တစ်အိမ်မှာ ပေါက်ကွဲမှုဖြစ်တယ်။ သွားရောက် စစ်ဆေးတဲ့အခါမှာ လက်နက်အမြောက်အများ၊ ဖောက်ခွဲရေးပစ္စည်းအမြောက်အများ၊ မော်တော်ကားပါ ဖမ်းဆီးရမိခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် က အယ်ဒီတာတစ်ဦးကလည်း အချင်းဖြစ်နေရာကို ချက်ချင်းရောက်သွားပြီး ဓာတ်ပုံမှတ်တမ်းတွေ ရရှိခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ သတင်းဖော်ပြပေးနိုင်ခဲ့ပါတယ်။ အဲဒီလို ဖော်ပြလိုက်တာကို လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ အရာရှိက ဒါက ဘာသဘောနဲ့ ဖော်ပြတာလဲလို့ ခေါ်ယူစစ်မေးခြင်းကို ခံရတယ်။ ကျွန်တော်တို့ရဲ့ သတင်းမှာ လုပ်ကြံဖန်တီးရေးသားထားတာလည်း မရှိဘူး။ ဒီနေရာမှာ ဒီလို ဖမ်းဆီးရမိတယ်။ ဒါကိုပဲ အတိအကျ ရေးထားတယ်။ အဲဒီလို ဖော်ပြတာ ဘာပြဿနာရှိလို့လဲလို့ ပြန်လည်မေးခွန်းထုတ်ခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။


ဆိုလိုတာက လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေဟာ ဖမ်းဆီးရမိသတင်းတွေကို အချိန်နဲ့တပြေးညီ တင်ပြတာမျိုးမဟုတ်ဘဲ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းအားလုံးက ညှိနှိုင်းပြီးတော့မှ ထိန်ချန်ချင်တာတွေကို ထိန်ချန်ပြီး သတင်းညှိပြီး ပို့ကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲများထံ သတင်းမှန် အပြည့်အစုံကို မတင်ပြဘဲ ထိန်ချန်ချင်တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ချက်ချင်း ဖော်ပြလိုက်တဲ့အခါမှာ သူတို့အတွက် လုပ်ရကိုင်ရ အခက်တွေ့သွားတဲ့ သဘောပဲ ဖြစ်ပါတယ်။ အထူးအားဖြင့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်လှုပ်ရှားသူများကို ဖမ်းဆီးရမိတဲ့အခါမျိုးမှာ ရောင်းတန်းဝင် ပစ္စည်းများကို သိမ်းဆည်းရမိ စာရင်းမတင်ဘဲ ဖျောက်ဖျက်ကြတဲ့ သဘောတွေလည်း ရှိပါတယ်။


နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်လှုပ်ရှားသူတွေဟာ without ကားတွေ အသုံးပြုပြီး တိုက်ခိုက်တာမျိုးတွေ လုပ်တယ်။ အဲဒါမျိုးတွေကို သိမ်းဆည်းရမိစာရင်းမတင်တော့ဘဲ ရောင်းချပြီး ခွဲဝေရယူလိုက်ကြတာမျိုး ရှိပါတယ်။


ဧရာဝတီတိုင်းဒေသကြီးမှာ အကြမ်းဖက်လှုပ်ရှားတဲ့ နိုင်ငံရေးအစွန်းရောက်တွေဟာ အပြစ်မဲ့ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်မှုပေါင်း အကြိမ်ကြိမ် ကျူးလွန်ခဲ့ပါတယ်။ ဖမ်းဆီးရမိမရှိ။ သတင်းအစအန မရခဲ့ပါဘူး။ ဖျာပုံမြို့ပေါ်မှာ မိန်းကလေး ၂ ဦး အသတ်ခံရပြီးချိန်မှာ တိုင်းအဆင့်က ဆင်းဖမ်းသလား၊ နေပြည်တော်က ဆင်းဖမ်းသလား မသိရပါဘူး။ ရက်ပိုင်းအတွင်းမှာပဲ အကြမ်းဖက်လှုပ်ရှားသူများကို ဆက်စပ်ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို အခြေခံပြီး နိုင်ငံတော်တာဝန်ရှိသူများအနေနဲ့ သုံးသပ်ကြည့်မယ်ဆိုရင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ပေးအပ်ထားတဲ့ လုံခြုံရေး တာဝန်ရှိသူတွေဟာ အကြမ်းဖက်နှိမ်နင်းရေးကို တကယ်အလေးမထားဘူးဆိုတာ ပေါ်လွင်စေပါတယ်။

နိုင်ငံရေးအစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှု အဆိုးရွားဆုံးလို့ ပြောနိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာဆိုရင် အကြမ်းဖက်လှုပ်ရှားသူတွေဟာ လူသတ်ပြီး အဖမ်းခံရမှာကိုလည်း ဂရုမစိုက်တဲ့ အခြေအနေမျိုးအထိ ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ငွေပေးပြီး ပြန်လွတ်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်ဖြစ်ရပ်တွေကိုလည်း ကျွန်တော် မကြာခဏ ရေးသားဖော်ပြခဲ့ဖူးပါတယ်။


ဖြစ်စဉ်ဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများထဲမှာ အဂတိစိတ်လွန်ကဲနေသူများဟာ အကြမ်းဖက်နှိမ်နင်းရေးထက် အကြမ်းဖက်သမားများထံက ကိုယ်ကျိုးစီးပွားအတွက် ဘာရမလဲဆိုတာကို ပိုပြီး အလေးထားလုပ်ဆောင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်အားပေးဖြစ်ခဲ့ကြပါတယ်။


ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ မှိုင်းမိနေတဲ့ အကြမ်းဖက်အားပေး ပြည်သူလူထုကလည်း ဒုနဲ့ဒေး ရှိနေပါတယ်။ PDF အကြမ်းဖက်သမားတွေက အစိုးရဝန်ထမ်းတစ်ယောက်ကို သတ်လိုက်ပြီဆိုတာနဲ့ ပြည်ဖျက်မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြတယ်။ အကြမ်းဖက်အားပေး ပြည်သူလူထုကလည်း ဝမ်းသာအားရ အားပေးတယ်။ အာချောင်လိုက်ရရင်ပဲ သူတို့မှာ အတော်လေး အရသာရှိနေတဲ့ သဘောကို မြင်တွေ့ရတယ်။ လူမှုကွန်ရက်စာမျက်နှာမှာ အာချောင်ပြီး အကြမ်းဖက်လှုံ့ဆော်မှု ထပ်ဆင့်လုပ်ဆောင်သူတွေကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ နေ့စဉ် ၃ဦး ကနေ (၁၀)ဦးကြား အရေးယူဆောင်ရွက်နေရတာကို တွေ့မြင်ရပါတယ်။


NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမား ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကို အဟုတ်ထင်ပြီး မိုက်မဲနေတဲ့ PDF အကြမ်းဖက်သမားတွေက ရရှိထားတဲ့ လက်နက်နဲ့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပစ်မှတ်ထား လုပ်ဆောင်နေကြဆဲ့ ဖြစ်သလို အကြမ်းဖက်အားပေး NLD ထောက်ခံသူ လူမှုအသိုင်းအဝိုင်းကလည်း မိမိတို့ကို ဦးဆောင်လှုံ့ဆော်နေသူများရဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေအပေါ်မှာ ဆန်းစစ်ဝေဖန်ချင်းမရှိဘဲ PDF က အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ မည်သူ့ကိုပဲ သတ်လိုက်သည်ဖြစ်စေ ပျော်ရွှင်ဝမ်းမြောက်နေကြတာကို တွေ့ရပါလိမ့်မယ်။


ကမ္ဘာ့နိုင်ငံအသီးသီးက ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့တဲ့ IS အကြမ်းဖက်အဖွဲ့ထက် မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တဲ့ NUG, CRPH, PDF အကြမ်းဖက်အဖွဲ့တွေက ပိုပြီး ရက်စက်ယုတ်မာတာကိုတော့ သတိပြုမိလောက်ပြီ ထင်ပါတယ်။ ဒီမိုကရေစီအရေခြုံတွေဟာ ဒီမိုကရေစီစံနှုန်းတွေကို ဘာတစ်ခုမှ အလေးမထားတော့ဘဲ ငါတို့ကို မထောက်ခံသူမှန်သမျှ ဘုန်းကြီးဖြစ်စေ လူဖြစ်စေ ဒလန်စာရင်းသွင်းပြီး ရက်စက်စွာ လုပ်ကြံသတ်ဖြတ်နေကြတာပဲ ဖြစ်ပါတယ်။ ၂နှစ်တာ ကာလအတွင်း အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်းများစွာကို အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ်နိုင်ခဲ့တာလဲ။ လုံခြုံရေးဆိုင်ရာ အဂတိမကင်းတဲ့ ဆောင်ရွက်မှုတွေအပေါ် စည်းကြပ်မှု လွန်စွာ နည်းပါးခဲ့တာလည်း အကြောင်းရင်းတစ်ရပ်ဖြစ်ပါလိမ့်မယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)