ရှမ်းနီဆရာတော် ဦးဂန္ဓမာ အား KIA, PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်သောလုပ်ရပ်သည် လူမဆန်သော အကြမ်းဖက်လုပ်ရပ်ဖြစ်သဖြင့် ပြန်လည်လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းနီဆရာတော် ဦးဂန္ဓမာ အား KIA, PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်သောလုပ်ရပ်သည် လူမဆန်သော အကြမ်းဖက်လုပ်ရပ်ဖြစ်သဖြင့် ပြန်လည်လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် ထုတ်ပြန်





MNP ၊ စက်တင်ဘာ ၇ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နောင်ပတ်ကျေးရွာရှိ ရွာဦးကျောင်းဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးဂန္ဓာ(မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များ သမဂ္ဂ-ဗဟို အလုပ်အမှုဆောင်) ကို KIA, PDF အကြမ်းဖက်သမားများက  စက်တင်ဘာ ၄ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်စက်စွာ သတ်ဖြတ်လိုက်သော လုပ်ရပ်သည် လူမဆန်သော အကြမ်းဖက်လုပ်ရပ်ဖြစ်သဖြင့် ပြန်လည်လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ရှမ်းနီအမျိုးသားများ တပ်မတော် က ထုတ်ပြန်ထားသည်။

ရှမ်းနီအမျိုးသားများတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဗုဒ္ဓဘာသာစည်ပင်တိုးတက်ရေးနှင့် ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး၊ ရှမ်းနီစာပေထွန်းကားရေးတို့အား စွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်းလျက်ရှိသော မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းနီသံဃာတော်များသမဂ္ဂ (ဗဟို) အလုပ်အမှုဆောင် (ဘဏ္ဍာတော်ထိန်း) နောင်ပတ်ဆရာတော်ဦးဂန္ဓမာအား စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ နောင်ပတ်ရွာ၌ (၄-၉-၂၀၂၂) ရက်နေ့တွင် KIA, PDF အကြမ်းဖက်သမားများက လက်နက်ဖြင့် ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်စက်စွာ သတ်ဖြတ်လိုက်ကြောင်း၊ ဗုဒ္ဓဘာသာ ရဟန်းတော်အား ရက်စက်စွာ သတ်ဖြတ်သော လုပ်ရပ်သည် လူမဆန်သော အကြမ်းဖက်လုပ်ရပ်ဖြစ်သည့်အပြင် ရှမ်းနီတစ်မျိုးသားလုံးနှင့် ဗုဒ္ဓဘာသာကြီးတစ်ခုလုံးအား ခြိမ်းခြောက် ရန်ပြုသည့် အန္တရာယ်ဆိုးကြီးတစ်ရပ်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် တော်လှန်ရေးအား ဟန်ဆောင်အကြောင်းပြကာ လူ့အခွင့်အရေးများအား ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်နေကြသော အဖွဲ့အစည်းများဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

၎င်းအကျိုးဆက်များအား ပြုလုပ်ဖန်တီးကြသူ KIA, PDF အကြမ်းဖက်သမားတို့တွင် လုံးဝတာဝန်ရှိပြီး ရှမ်းနီလူမျိုးများ၏ နှလုံးသည်းပွတ် သမိုင်းတွင် ခြေဖျက်မရသော သမိုင်းကြွေးအဖြစ် မှတ်ယူပြီး မည်သည့်နည်းဖြင့်မဆို လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIA လက်နက်ကိုင်အကြမ်းဖက်အဖွဲ့သည် ၎င်းတို့နယ်မြေတွင် စစ်မီးမတောက်လောင်စေရန် PDF အကြမ်းဖက်သမားများနှင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA, PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့သည် ရဟန်းရှင်လူပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ သံဃာတော် (၄၃) ပါးအထိ လုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီး သံဃာတော်အချို့ ပျောက်ဆုံးလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)