ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ကြရန် (Mask Campaign) ပြုလုပ်ပြီး Booster Dose ထိုးနှံနိုင်ရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ကြရန် (Mask Campaign) ပြုလုပ်ပြီး Booster Dose ထိုးနှံနိုင်ရေးဆောင်ရွက်




MNP - စက်တင်ဘာ   ၁၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်လမ်းဆုံနေရာများ၊ ဈေးဆိုင်များ၊ ကားဂိတ်၊ စားသောက်ဆိုင်နှင့် ဘက်ဖက်ရည်ဆိုင်တို့၌ ပြည်သူများနှာခေါင်းစည်းတပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံနိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ  ဆောင်ရွက်ခြင်းကို မိုင်းယောင်းမြို့နယ် ကိုဗစ်-‌၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဝင်များဖြစ်သည့် မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ကော်မတီ အဖွဲ့ဝင်များက ပူးပေါင်းပြီး သက်ဆိုင်ရာအဖွဲ့ခွဲအလိုက် အဖွဲ့ဝင်များပါဝင်၍ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အပြင်ထွက်သွားလာပါက နှာခေါင်းစည်းတပ်ကြရန်၊ ကုန်တင်ယာဉ် မောင်းနှင်သူများ၊ ကုန်ဆုံဆိုင်ပိုင်ရှင်များ၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်သွားလာကြရေး အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကာ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံနိုင်ရေး အတွက် အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် သက်ဆိုင်ရာအဖွဲ့များပါဝင်ပြီး ကုန်ဆုံဆိုင်များ ဈေးဆိုင်ရှေ့ကြိုးတန်း၍ ရောင်းချရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကိုလည်း အသိပညာပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - အားချာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)