ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းများဆောင်ရွက်



MNP - စက်တင်ဘာ   ၈


ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းများကို ယမန်နေ့ နံနက် ၇ နာရီ ၃၀ အချိန်က check point ၃ နေရာတွင် အဖွဲ့ ၃ ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့သည်။


ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး ဦးဆောင်၍ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများပါဝင်သော အဖွဲ့(၃)ဖွဲ့မှ ရွှေမုဌောဘုရား အရှေ့ဘက်မုခ် ဝိသာခါ ဓမ္မာရုံရှေ့၊ ပုသိမ်မြို့အဝင် ကိုးဆူစစ်ဆေးရေးဂိတ်၊ ပုသိမ်ကမ်းနားလမ်း မြို့တော်ခန်းမရှေ့နှင့် Ocean စင်တာ ရှေ့တို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး Mask တပ်ရန် အသိပညာပေးခြင်းလုပ်ငန်း များအား ဆောင်ရွက်ခဲ့ကြသည်။


Mask Campaign ပြုလုပ်သည့် ယနေ့တွင် ရွှေမုဌောဘုရားအရှေ့ဘက်မုခ်၊ ကိုးဆူမြို့ဝင်စစ်ဆေးရေးဂိတ်၊ မြို့တော်ခန်းမရှေ့ စသည့်နေရာ (၃)ခုတို့တွင် စုစုပေါင်း mask အခုရေ (၂၅၀၀) ခန့်အား အခမဲ့ ဖြန့်ဝေပေးခဲ့ ကြကြောင်း သတင်းရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)