တောင်ကုတ်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaignနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaignနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်






MNP ၊ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရန်နှင့်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက်(၈)နာရီအချိန်တွင် စည်ပင်လမ်းဆုံ ၌ Mask Campaign ပြုလုပ်ခြင်းနှင့် Mask တပ်ဆင်သွားလာကြရန် အသိပညာပေး ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ်မိခင်နှင့်ကလေး ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ ၊ ပရဟိတအဖွဲ့ဝင်များ က ပြည်သူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်း နှင့် Mask များတပ်ဆင်သွားလာကြရန်အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)