ဘီးလင်းမြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ Mask Campaign ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ Mask Campaign ပြုလုပ်ဆောင်ရွက်







MNP ၊ စက်တင်ဘာ  ၁၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးစည်သူအောင်၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုး ဗီဇပြောင်း ရောဂါပိုးကြိုတင်ကာကွယ်ရေးအတွက် ဒေသခံမိဘပြည်သူ များနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာ သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်း စည်း(Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့် ကောင်းများ ဆက်လက် လိုက်နာကျင့်သုံးစေရေးအတွက် စက်တင်ဘာ (၁၃) ရက်နေ့ နံနက် (၈) နာရီအချိန်မှစ၍ ဘီးလင်းမြို့နယ် မဂ်လာဈေး အရှေ့နှင့် မင်္ဂလာဈေးအတွင်း ၊ ကန်သာယာရပ်ကွက် (၈) နီလာဈေးအရှေ့နှင့် နီလာ ဈေးအတွင်း နှင့် အထက ကန်သာယာကျောင်းအရှေ့ တို့တွင် ပူးပေါင်းအဖွဲ့ ဖြင့် Mask Campaign ပြုလုပ်၍ (Mask)များကို(အခမဲ့)ဖြန့်ဝေပေးကြောင်း သိရှိရသည်။


ထိုသို့  Mask Campaign ပြုလုပ်ရာတွင် ဒေသခံများနှင့် ခရီးသွားပြည်သူ များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီနေထိုင် လုပ်ကိုင် သွားလာစေရေး အသိပညာပေးခြင်း ဈေးဆိုင်များတွင် ရောင်းချနေသူများ၊ဈေးဝယ်သူမိဘပြည်သူများထံ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့များပူးပေါင်း၍  Mask ခုရေ  (၂၅၀၀)ခုကို အခမဲ့ ဖြန့်ဝေကာ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် မပျက်မကွက် ထိုးနှံရေးတို့ကို အသိပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)