နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

 



MNP - စက်တင်ဘာ   ၁၀


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီ အချိန်က နတ်မောက်မြို့ တြိဂံလမ်းဆုံ၊ မြို့မစည်ပင်သာယာဈေးနှင့်   မြန်မာ့စီးပွားရေးဘဏ်ရှေ့တို့တွင် အသိပညာပေး ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ   ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များတို့က အဆိုပါလူစည်ကားရာ နေရာများတွင် သွားရောက်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပြည်သူအား လုံးပါဝင်ပေး ဆောင်ရန်/ရှောင်ရန်ကာ တွန်းရုပ် ပုံများ၊ ကာကွယ်ဆေးများထိုးရန်လိုသည့် အကြောင်းအရာများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အဓိက သတင်းစကား(၁၀)ချက်၊ ကိုဗစ်-၁၉ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ နတ်မောက်မြို့၏ အသိပေးကြေညာချက်စသည့် အကြောင်းအရာပါ အားမာန်သစ်လက်ကမ်း စာစောင် များကို ပြည်သူများအား ဖြန့်ဝေခြင်းနှင့် Mask နှာခေါင်းစည်း တပ်ဆင်သွားလာရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ပြီး Maskများကို လိုက်လံဝေငှာပေး ခဲ့ကြောင်းသိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)