မောက်မယ်မြို့နယ် မြို့မဈေး၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ် မြို့မဈေး၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

 



MNP - စက်တင်ဘာ   ၁၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ကိုဗစ်−၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါကာကွယ် ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စည်ပင်သာယာရေးမြို့မဈေး၌ ယနေ့နံနက် ၆ နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် အဖွဲ့ဝင်များ ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်−၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကူးစက်မှုကိုကာကွယ်ရန်၊ ပြည်သူများနေအိမ်မှ ပြင်ပသို့ထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကိုမကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များကို ဆက်လက်လိုက်နာ ဆောင်ရွက်ရန်လိုအပ်သည့်အတွက် လူစည်ကားရာ နေရာများတွင် (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။


သတင်း - စိုင်းမျိုးသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)