အလုံမြို့နယ်‌၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါတားဆီးကာကွယ်ရေး ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရေး Mask Campaign နှင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်‌၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါတားဆီးကာကွယ်ရေး ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရေး Mask Campaign နှင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်




MNP - စက်တင်ဘာ  ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကိုဗစ်-၁၉  မျိုးကွဲသစ် အိုမီခရွန်ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့် ကောင်းများ လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍   ပါးစပ်၊ နှာခေါင်းစည်း   (Mask) တပ်ဆင်ရေး Mask Campaign နှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားရာ နေရာများဖြစ်သည့် ဆင်မင်းဈေး၊ အလုံခန်းမ ရှေ့တွင် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများ၊ ခရီးသွားပြည်သူများအား နေအိမ်ပြင်ပ ထွက်ခွာသည့်အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရန်၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် စသည်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို  ဆောင်ရွက်ခဲ့သည်။


အဆိုပါ Mask Campaign  ကို အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များတို့ပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


သတင်း - တင်တင်ချို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)