သထုံမြို့ရှိ အထကကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး (Mask) များ ဖြန့်ဝေ‌ပေးပြီး အသိပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့ရှိ အထကကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး (Mask) များ ဖြန့်ဝေ‌ပေးပြီး အသိပညာပေးဆွေးနွေး





MNP ၊ စက်တင်ဘာ  ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့ နေ့လည်အချိန်က အခြေခံပညာအထက်တန်းကျောင်းများ၌ နှာခေါင်းစည်း (Mask)များဝေငှပေးခြင်း၊ အသိပညာပေးဆွေးနွေးခြင်းများကို လိုက်လံပြုလုပ်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးမော်နှင့် ဆရာ ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက သထုံမြို့ရှိ အထက(၂)ကျောင်းနှင့် အထက(၄)ကျောင်းတို့၌ ကျောင်းသားကျောင်းသူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးကြပြီး အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါကပါးစပ်နှင့် နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင် သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး ထပ်ဆောင်း ကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံသွားရေးအသိပညာပေး လိုက်လံ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)