ပေါင်မြို့ရှိ အထက၊ အမကကျောင်းများနှင့် မုတ္တမစျေးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး (Mask) များ ဖြန့်ဝေပေးပြီး အသိပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့ရှိ အထက၊ အမကကျောင်းများနှင့် မုတ္တမစျေးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး (Mask) များ ဖြန့်ဝေပေးပြီး အသိပညာပေးဆွေးနွေး





ပေါင် စက်တင်ဘာ ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်း ကအခြေခံပညာအထက၊ အမက ကျောင်းများနှင့် မုတ္တမစျေးတို့တွင် နှာခေါင်းစည်း (Mask)များဝေငှပေးခြင်း၊ အသိပညာပေးဆွေးနွေးခြင်းများကို လိုက်လံပြုလုပ်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှုးဦးထင်လင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်ဆရာဝန်ကြီး နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊  တာဝန်ရှိသူများက  ကျောင်းသားကျောင်းသူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးကြပြီး အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါကပါးစပ်နှင့် နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင် သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး ထပ်ဆောင်း ကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံသွားရေးအသိပညာပေး လိုက်လံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)