ကျောက်ဖြူမြို့၌ “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့”အထိမ်းအမှတ် လေထုညစ် ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့”အထိမ်းအမှတ် လေထုညစ် ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

 





MNP ၊  စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ (၇)ရက်နေ့တွင်ကျရောက် သည့် (International Day of Clean Air for Blue Skies) အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်(၈)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာဈေးများသို့သွားရောက်ပြီး လေထုညစ် ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြ သည်။


ထိုသို့ဆောင်ရွက်ရာတွင် “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့” ဆောင်ပုဒ်ဖြစ် သည့် “The Air We Share” “လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” ဆောင်ပုဒ် နှင့်အညီ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထက်သစ္စာ အောင် ဦးဆောင်သည့်ဝန်ထမ်းများက လူသွားလူလာများပြီး လူစည်ကားရာ နေရာများဖြစ်သည့် မြို့မစည်ပင်သာယာဈေးကြီးသို့သွားရောက်၍လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးသန်းဖြိုးအောင် ဦးဆောင်သည့်ဝန်ထမ်းများက ကုလားဘာတောင်ဈေးသို့သွားရောက်၍လည်းကောင်း ၎င်းဈေး အသီးသီးရှိ လမ်းသွား၊လမ်းလာပြည်သူများ၊ အငှားယာဉ်မောင်းနှင်နေသူများ၊ ဈေးရောင်း၊ ဈေး ဝယ်လာသူများနှင့် ဆိုင်ခန်းအသီးသီးတွင် ဈေးရောင်းချနေသူများကို လေထုညစ်ညမ်းမှုအ ကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။ 


အဆိုပါလက်ကမ်းစာစောင်များမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်း သောလေထုနေ့ အသိပညာပေးလက်ကမ်းစာစောင်၊ လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင် ရွက်စို့ အသိပညာပေးလက်ကမ်းစာစောင်နှင့် လေထုညစ်ညမ်းမှုကင်းဝေးဖို့ အားလုံးပါဝင်ဆောင် ရွက်စို့ အသိပညာပေးလက်ကမ်းစာစာင်များဖြစ်ပြီး ၎င်းလက်ကမ်းစာစောင်များတွင် လေထုညစ် ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေးအကြောင်းအရာများအား ကဏ္ဍစုံလင်စွာနှင့် ကျောက်ဖြူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထုအရည်အသွေးတိုင်းတာစစ်ဆေး နေသည့် မှတ်တမ်းဓာတ်ပုံများ ပါရှိကြောင်း သိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)