လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် Mobile Market ဈေးကားဖြင့် ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ကြက်သား၊ ငါး၊ ဆန် ၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် Mobile Market ဈေးကားဖြင့် ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ကြက်သား၊ ငါး၊ ဆန် ၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား ရောင်းချပေး

 


MNP - စက်တင်ဘာ   ၇


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်မြို့တော်၏စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့နံနက် ၆ နာရီက အမှတ်(၆)ရပ်ကွက်၊ ဈေးလေးမှတ်တိုင်၊ ကျန်စစ်သားအိမ်ရာရှေ့တွင် Mobile Market ဈေးကားဖြင့် ကြက်၊ ဝက်၊ အမဲ၊ ဆိတ်၊ သား၊ ငါးနှင့် ဆန်၊ ဆီ၊ ကြက်ဥတို့ပါ အခြေခံစားသောက်ကုန်များ ရောင်းချသည်။


ဈေးကားဖြင့်ရောင်းချရာတွင် အခြေခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ဝက်သားတစ်ပိဿာ ၁၂၀၀၀/-ကျပ်၊ အမဲသားတစ်ပိဿာ ၁၃၀၀၀/-ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၂၀၀၀/-ကျပ်၊ ကြက်သားတစ်ပိဿာ ၈၀၀၀/-ကျပ်၊ ဆန်ဧည့်မထ ၁၀ Kg ၈၀၀၀/-ကျပ်၊ ပေါ်ဆန်းမွှေးဆန် ၁၀ Kg ၁၂၈၀၀/-ကျပ်၊ ဆီ ၅၀ သား ၂၇၀၀/-ကျပ်၊ ကြက်ဥတစ်လုံး ၁၇၅/-ကျပ်နှင့် ဟင်းသီးဟင်းရွက်များရောင်းချပေးလျက်ရှိသည်။ ယခုအချိန်တွင်ကုန်ဈေးနှုန်းများ မြင့်တက်နေသဖြင့် ပြည်သူတစ်ဦးလျှင် ဆီ ၅၀ သား၊ ကြက်ဥ ၁၀ လုံးနှင့် ဆန် ၁၀ Kg ပါဆန် တစ်အိတ်နှုန်း၊ သားငါးမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို စိတ်ကြိုက်ဝယ်ယူ ရောင်းချပေးလျက်ရှိသည်။


Mobile Market ဈေးကားဖြင့် ရောင်းချပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးနှင့်အဖွဲ့ဝင်များကပူးပေါင်း၍ ရောင်းချပေးလျက်ရှိသည်။ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများအား မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်ကော်မတီဝင်များ၊ ဌာနမှုးများလာရောက်ကြည့်ရှုကြကြောင်းကိုသိရှိရသည်။


သတင်း - ခင်ဝင်းမူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)