ယောဒေသ ပြည်သူများ ဦးဆောင်ကာ NUG ကို အစိုးရအဖြစ် အသိအမှတ် ပြုရေးနှင့် ဦးကျော်မိုးထွန်းကို သံအမတ် အဖြစ် ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြ ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် ခေတ်သစ်မီဒီယာက လုပ်ကြံဖန်တီးရေးသားဖော်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယောဒေသ ပြည်သူများ ဦးဆောင်ကာ NUG ကို အစိုးရအဖြစ် အသိအမှတ် ပြုရေးနှင့် ဦးကျော်မိုးထွန်းကို သံအမတ် အဖြစ် ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြ ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် ခေတ်သစ်မီဒီယာက လုပ်ကြံဖန်တီးရေးသားဖော်ပြ



ရန်ကုန်၊ စက်တင်ဘာ ၆ 

ယောဒေသ ပြည်သူများ ဦးဆောင်ကာ NUG ကို အစိုးရအဖြစ် အသိအမှတ် ပြုရေးနှင့် ဦးကျော်မိုးထွန်းကို သံအမတ် အဖြစ် ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြ ဟု ပြည်ပြေး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် ခေတ်သစ်မီဒီယာက လုပ်ကြံဖန်တီးရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ပြည်ပြေးမီဒီယာ၏ ရေးသားဖော်ပြချက်တွင် "ဆောမြို့နယ်တွင် ကျောင်းသား၊ ပြည်သူများ၊ ယောလူထုတိုက်ပွဲ ကော်မတီနှင့် YDF SAW မှ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် NUG ကို အစိုးရ အဖြစ် အသိအမှတ်ပြုရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုသ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။" ဟု လုပ်ကြံဖန်တီးရေးသား ဖော်ပြထားခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက "ဘယ်ကိုမှ ချီတက်ဆန္ဒပြတာ မရှိပါဘူး။ သူတို့ဟာသူတို့ လူစု ဓာတ်ပုံရိုက်ပြီး ပြည်ပြေးမီဒီယာတွေကို ပေးပို့ကြတဲ့သဘောပေါ့ဗျာ။ ဒါကို ပြည်ဖျက်မီဒီယာတွေက ပုံကြီးချဲ့ပြီး ဖော်ပြကြတာပါ။ ဆိုးတာက PDF အကြမ်းဖက်သမားတွေ ရှိနေတဲ့ ရွာတွေ ဒေသခံတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အတိအကျ သတင်းပေးပေမယ့်လည်း ရှင်းလင်းဖယ်ရှားမှု မရှိဘူး။ PDF အကြမ်းဖက်သမားများကလည်း လက်နက်ကိုင်ထားတာဆိုတော့ သူတို့က ခြိမ်းခြောက်ပြီး လုပ်ခိုင်းရင် စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရွာသူ/ရွာသားတွေခမျာမှာလည်း ကြောက်ပြီး လိုက်လုပ်ပေးကြရတာပဲ။" ဟု ပြောသည်။

ပြည်ပြေး၊ ပြည်ဖျက်မီဒီယာများထဲတွင် သာလွန်ဇောင်းထက် ဦးဆောင်သော ခေတ်သစ်မီဒီယာမှာ မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများကို ကျင့်ဝတ်သိက္ခာကင့်မဲ့စွာ ရေးသားဖြန့်ဝေနေခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော မီဒီယာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)