အမေရိကန်ဗဟိုဘဏ်ထဲက ဒေါ်လာသန်းတစ်ထောင်ကို အသုံးပြုနိုင်ရေး NUG အကြမ်းဖက်အဖွဲ့က ကြိုးပမ်းနေ ကြောင်း ပြည်ပ မီဒီယာများတွင် ဖော်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်ဗဟိုဘဏ်ထဲက ဒေါ်လာသန်းတစ်ထောင်ကို အသုံးပြုနိုင်ရေး NUG အကြမ်းဖက်အဖွဲ့က ကြိုးပမ်းနေ ကြောင်း ပြည်ပ မီဒီယာများတွင် ဖော်ပြ



MNP ၊ စက်တင်ဘာ ၆

အမေရိကန်ဗဟိုဘဏ်ထဲရောက်နေသော မြန်မာနိုင်ငံပိုင် ဒေါ်လာ သန်းတစ်ထောင်ကို ဒစ်ဂျစ်တယ်နည်းနဲ့ အသုံးပြုနိုင်ဖို့ NUG အကြမ်းဖက်အဖွဲ့က ကြိုးပမ်းနေကြောင်း ပြည်ပမီဒီယာများတွင် ဖော်ပြလျက်ရှိသည်။


၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် ကမ္ဘာ့စံချိန်တင် မဲ(၁၁.၃)သန်းကျော် မဲလိမ်မဲခိုးမှုကြီး ပေါ်ပေါက်ခဲ့ပြီးနောက် တပ်မတော်က အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့်တာဝန်အရ လွှဲပြောင်းရယူလိုက်ပြီး နောက်ပိုင်း NLD ပါတီဦးဆောင်သူများနှင့် ပြည်ဖျက်မဒီယာများ ပူးပေါင်းကာ အာဏာသိန်းစစ်ကောင်စီအဖြစ် လုပ်ကြံဖန်တီး ဝါဒဖြန့်မှုများကြောင့် ဒေါ်လာသန်းတစ်ထောင် လွဲပြောင်းအသုံးပြုခွင့်ကို အမေရိကန်ဗဟိုဘဏ်က ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဒေါ်လာသန်းတစ်ထောင်အား NUG အကြမ်းဖက်အဖွဲ့အနေဖြင့် ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ အသုံးပြုခွင့် ရဖို့ ကြိုးပမ်းနေကြောင်း NUG အကြမ်းဖက်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးတင်ထွန်းနိုင်က  ဘလွန်းဘာ့ သတင်းဌာနနှင့် ဆက်သွယ်ပြောကြားထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)