ပေါက်မြို့နယ် တပ်ကုန်းကျေးရွာရှိ ဘုရားစေတီအား PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါက်မြို့နယ် တပ်ကုန်းကျေးရွာရှိ ဘုရားစေတီအား PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်

042


MNP ၊ စက်တင်ဘာ ၂

ယနေ့ ညနေ ၄ နာရီဝန်းကျင်းက ပေါက်မြို့နယ်၊ တပ်ကုန်းကျေးရွာရှိ ဘုရားစေတီအား PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းရွာခံတစ်ဦးက "ဘုရားကို ပစ်တာ။ ကျော်ကျပြီး ဇောင်းတန်းကို မှန်တာပေါ့။ ဇောင်းတန်း အနည်းငယ် ထိခိုက်ပျက်စီးပါတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။ ချောင်းနားကျေးရွာဘက်ကနေ လှမ်းပစ်တာပဲ။" ဟု ပြောသည်။

ပေါက်မြို့နယ်၊ တပ်ကုန်းကျေးရွာတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဖြင့် PDF အကြမ်းဖက်သမားများ၏ အန္တရာယ်ကို ကာကွယ်နေကြရပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ရှိနေခြင်းကြောင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

တပ်ကုန်းကျေးရွာတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရွာသူရွာသားများ စားနပ်ရိက္ခာအခက်အခဲရှိနေကြောင်း၊ တပ်မတော်က ဈေးသက်သာစွာဖြင့် နယ့်လှည့်ရောင်းချပေးနေသော အဖွဲ့များ ရောက်ရှိစေလိုကြောင်း ဒေသခံတစ်ဦးက ပြောသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages