စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများ၏ အတင်းအဓမ္မ ဖမ်းဆီးခြင်း ခံခဲ့ရသည့် အမျိုးသမီးများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် ကယ်တင်နိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများ၏ အတင်းအဓမ္မ ဖမ်းဆီးခြင်း ခံခဲ့ရသည့် အမျိုးသမီးများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် ကယ်တင်နိုင်ခဲ့


MNP ၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများရှိ ဒေသခံပြည်သူများအား ခြိမ်းခြောက် အကြပ်ကိုင်၍ လူသစ်စုဆောင်းခြင်း၊ အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ကို ထောက်ခံအားပေးမှု မရှိသည့် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများ၏ သတင်းပေးပို့မှုအရ စက်တင်ဘာ ၄ ရက်တွင် မော်လိုက်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ မော်လိုက်မြို့နယ်၊ မိုင်းနွဲ့ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ စခန်းတစ်ခုအား တွေ့ရှိခဲ့သဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် အဆိုပါ စခန်းအတွင်းမှ PDF အမည်ခံအကြမ်းဖက်သမားများ၏ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် အမျိုးသမီး ၄ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။

PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါအမျိုးသမီးများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့မှု၊ နေထိုင်စားသောက်ခဲ့ရမှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ကယ်တင်၍ သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့မှုနှင့် ပတ်သက်၍ အဆိုပါအမျိုးသမီးငယ် နှစ်ဦးမှ အောက်ပါအတိုင်းပြောကြားခဲ့ပါသည်-


မဝင်းဝင်း(အမည်လွဲ)

သမီးကတော့ မော်လိုက်မြို့နယ်၊ ကောင်းကွေအုပ်စု၊ မိုင်းနွဲ့ကျေးရွာမှာ နေထိုင်ပါတယ်။ အသက်ကတော့ ၁၅ နှစ်ဖြစ်ပါတယ်။ သမီးတို့ ရွာကို အကြမ်းဖက် PDF ခေါင်းဆောင် တစ်ယောက်နဲ့ သူ့ရဲ့တပည့်နှစ်ယောက်က အတင်းအဓမ္မ လူသစ်စုတဲ့အတွက် သမီးတို့ လူသစ်စုခြင်း ခံခဲ့ရပါတယ်။ ၉ လပိုင်း ၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ သေနတ်သံတွေ ကြားရပါတယ်။ သမီးတို့လည်း ဘယ်မှမပြေးဘဲ မြေကြီးပေါ်မှာပဲ ဝပ်နေခဲ့ပါတယ်။ အဲ့ဒီအချိန် သမီးတို့ကို လာကယ်တဲ့ တပ်မတော်သားတွေနဲ့ တွေ့ပါတယ်။

တပ်မတော်သားတွေကို တွေ့တဲ့အချိန်မှာ အရမ်းကိုပျော်ရွှင်ခဲ့ပါတယ်။ လုံခြုံမှုလည်း ရတယ်လို့ ခံစားရပါတယ်။ တပ်မတော်က သမီးတို့ကို ကယ်တင်တဲ့ အချိန်မှာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကာယိန္ဒြေပျက်ပြားအောင် ပြုလုပ်ခြင်းမရှိဘဲ ကောင်းကောင်းမွန်မွန်ကျွေးတယ်။ ကောင်းကောင်းမွန်မွန်ထားတယ်။ သမီးတို့ကို ဦးလေးသဖွယ်၊ မိဘသဖွယ် စောင့်ရှောက်ထားပါတယ်။ စခန်းကနေ ကောင်းကွေအထိ လမ်းလျှောက်ရပါတယ်။ အဲ့ဒီနေရာကနေ ကလေးအထိ ကားနဲ့ပို့ပေးပါတယ်။ လမ်းတစ်လျှောက်မှာလည်း သမီးတို့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေး စောင့်ရှောက်ထားပါတယ်။ ကလေးမြို့ကိုရောက်တဲ့အချိန်မှာ တာဝန်ရှိသူတွေ အနေနဲ့ သမီးတို့ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ အားပေးစကားတွေလည်း ပြောပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လုပ်ပေးပါတယ်။ လိုအပ်တဲ့အဝတ်အစားနဲ့ အသုံးအဆောင်တွေကိုလည်း ဝယ်ပေးပါတယ်။ အခုလည်း ဟိုတယ်နဲ့တူတဲ့ ရိပ်သာကြီးမှာ သမီးတို့ကိုထားပါတယ်။ သမီးတို့လို လူငယ်လူရွယ်တွေကို ပြောချင်တာကတော့ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံမဖြစ်ပါစေနဲ့။ သတင်းမီဒီယာတွေရဲ့ မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုတွေကို မယုံကြပါနဲ့။

PDF အကြမ်းဖက်အဖွဲ့ထံမှာ ကိုယ့်ရဲ့ဘဝကို ရေတိမ်မနစ်ပါစေနဲ့။ အမြန်ဆုံး ရုန်းထွက်ခဲ့ကြပါ။ တပ်မတော်က နွေးထွေးစွာကြိုဆိုနေတဲ့ အတွက် မိဘရင်ခွင်ကိုပြန်လာခဲ့ကြပါလို့ ပြောကြားချင်ပါတယ်။ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်။


မလင်းလင်း(အမည်လွဲ)

သမီးက မော်လိုက်မြို့နယ်မှာ နေထိုင်ပါတယ်။ အသက်ကတော့ ၁၆ နှစ်ပါ။ သမီးတို့ရွာမှာ အိမ်ခြေတစ်ရာကျော်ရှိပါတယ်။

သမီးတို့ရွာမှာ PDF အကြမ်းဖက်တွေက ခြိမ်းခြောက်မှုတွေရှိတာကြောင့် အုပ်ချုပ်ရေးမှူး လုပ်ရဲတဲ့သူမရှိပါဘူး။ ကျေးရွာတွေကို PDF အကြမ်းဖက်တွေက မီးရှို့မယ်လို့ ခြိမ်းခြောက်ကြပါတယ်။ ချင်းတွင်းမြစ်မှာ သွားလာနေတဲ့ လှေ၊ သင်္ဘောတွေကိုလည်း ဆက်ကြေး ကောက်ခံကြပါတယ်။ အစိုးရ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးပြီးအသက်ကိုပါရန်ရှာကြပါတယ်။ စာသင်ကျောင်းများ မဖွင့်နိုင်အောင်လည်း ခြိမ်းခြောက်ထားကြပါတယ်။

ကျောင်းသုံးစာအုပ်တွေကို ဖျက်ဆီးကြပါတယ်။ သမီးတို့ရွာကို တခြားရွာက PDF ခေါင်းဆောင်က အကြိမ်ကြိမ် လာရောက် စည်းရုံးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သမီးနဲ့သူငယ်ချင်းဖြစ်သူတို့ အတင်းအဓမ္မ စုဆောင်းခြင်း ခံရပါတယ်။ ပဲနဲ့မျှစ်ကိုပဲ အဓိက စားသောက်ခဲ့ရပြီး အရမ်းလည်း ခက်ခဲခဲ့ပါတယ်။ မိုးတွင်းကာလဖြစ်တဲ့ အတွက် ဖျားနာသူတွေရှိရင် ဆေးဝါးကုသမှု လုံလုံလောက်လောက် မရကြပါဘူး။ ဖုန်းတွေကိုလည်း သိမ်းထားပါတယ်။ စခန်းနားမှာ မိုင်းတွေထောင်ထားတယ် လို့လည်း ပြောပါတယ်။ သမီးတို့လည်း အိမ်ပြန်ချင်တဲ့အတွက် အကြိမ်ကြိမ် ငိုခဲ့ရပါတယ်။ ရိက္ခာအနေနဲ့ ကျွေးတာက အတင်းအဓမ္မကောက်ခံပြီး ကျွေးတာများတယ်လို့ သိရပါတယ်။ ၉ လပိုင်း ၄ ရက်နေ့ ညနေ ၄နာရီ လောက်မှာတော့ လက်နက်ငယ်သံတွေ ကြားရပြီး တိုက်ပွဲဖြစ်ပြီလို့ သိရတာကြောင့် မြေကြီးပေါ်မှာ ဝပ်နေခဲ့ပါတယ်။ ခဏအကြာမှာတော့ တပ်မတော်သားတွေရောက်လာခဲ့ပါတယ်။ သမီးတို့က “ကြောက်ပါတယ်၊ ကြောက်ပါတယ်” လို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ တပ်မတော်သားတွေက “ဘာမှမဖြစ်ဘူး။ ဝပ်နေဝပ်နေ” လို့ပြောပြီး သေနတ်သံတွေ ငြိမ်သွားတဲ့အခါမှာတော့ စစ်ကြောင်းမှူးဆီ ခေါ်သွားပါတယ်။ သမီး တို့ကို ဆဲဆိုကြိမ်းမောင်းတာတွေ၊ ရိုက်နှက်တာတွေ၊ ထိကပါးရိကပါး သွေးဆောင်ဖြားယောင်း တာတွေလည်း မရှိပါဘူး။ ကိုယ့်မိသားစုဝင်တွေလိုပဲ နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ကောင်းကောင်းမွန်မွန် ကျွေးမွေးတယ်။ ကိုယ့်သားသမီးတွေလို ဂရုစိုက်ခဲ့ပါတယ်။ ကလေးမြို့ကို ရောက်တဲ့အချိန်မှာတော့ တာဝန်ရှိသူတွေ အနေနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုကြပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့တဲ့ အတွက် အရမ်းဝမ်းသာပါတယ်။ တပ်မတော်ကြီးက DVB, Mizzima တို့က ထုတ်လွှင့်နေသလို မဟုတ်ဘဲ မိဘအိမ်ကဲ့သို့ နွေးနွေးထွေးထွေး ဆက်ဆံခဲ့တဲ့အတွက် အရမ်းလည်းပျော်မိပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ PDFအကြမ်းဖက်အဖွဲ့ထဲ ရောက်ရှိနေတဲ့ သမီးတို့လို လူငယ်လူရွယ်တွေကို ပြောချင်တာကတော့ နိုင်ငံရေးအကြောင်း ဘာမှနားမလည်သေးတဲ့ အရွယ်မှာ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံ မဖြစ်ပါစေနဲ့ဟု ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)