စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အကြမ်းဖက်သမားများက သံဃာတော် ၂ ပါးအား “သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အကြမ်းဖက်သမားများက သံဃာတော် ၂ ပါးအား “သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်



MNP ၊ စက်တင်ဘာ ၂၄

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ် နေကြသည်ကို တွေ့ရှိရပါသည်။


ထိုသို့ပြုလုပ်လျက်ရှိရာတွင် စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ မောက်ကြိုးကျေးရွာရှိ ရင်းကျောင်းဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးပုညသီရိ(၃၇)နှစ်(၁၈)ဝါသည် ကျန်းမာရေးမကောင်းသဖြင့် မုံရွာမြို့သို့ ဆေးသွားရောက်ကုသရန်အတွက် အဆိုပါကျေးရွာနေ မောင်ထက်မြတ်နိုင် (၂၀)နှစ် (ဘ) ဦးမင်းစောထွေးနှင့်အတူ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်ဖြင့် အရာတော်-မုံရွာကားလမ်း အတိုင်း ထွက်ခွာလာခဲ့ရာ ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာ သင်္ချိုင်းအနီးအရောက်၌ PDF အကြမ်းဖက် သမား ၃၀ ဦးခန့်က ဆရာတော်စီးနင်းလာသည့် မော်တော်ယာဉ်အား တားဆီးကာ ဆရာတော်အား “သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင် သွားပြီး မောင်ထက်မြတ်နိုင်အား ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။


အလားတူ ညနေ ၄ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ အင်္ဂါထောင့်ကျေးရွာ ရွှေအင်းဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးသောဘဏ (၅၃)နှစ် ဝါတော်(၃၃)ဝါ (ခမည်းတော်) ဦးဖိုးခွေးသည် ဘုန်းကြီးကျောင်းအတွင်း၌ ဆရာတော်၏အစ်ကို ဖြစ်သူ ဦးညိုမောင်(၇၈)နှစ် နှင့် ဆရာတော်၏ ယာဉ်မောင်း ဦးကျော်ထွန်းဦး(၄၀)နှစ် (ဘ)ဦးဖိုးချစ် တို့နှင့်အတူ ရှိနေစဉ် ဘုန်းကြီးကျောင်း အတွင်းသို့ သေနတ်များ၊ ဓားများကိုင်ဆောင်ထားသည့် PDF အကြမ်းဖက်သမား ၆၀ ဦးခန့်က ဝင်ရောက်လာပြီး ဆရာတော် ဦးသောဘဏ၊ ဦးညိုမောင်နှင့် ဦးကျော်ထွန်းဦးတို့ ၃ ဦးအား “သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍ ဖမ်းဆီးပြီး ဘုန်းကြီးကျောင်းပိုင် ယာဉ်အမှတ်(စိစစ်ဆဲ) KLUGER အမျိုးအစား အနက်ရောင်မော်တော်ယာဉ်ပေါ် တင်ဆာင်၍ ခေါ်ဆောင်သွားကြောင်းသိရသည်။


အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၆ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါ ဖြစ်စဉ်များမှ PDF အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် သာသနာ့အနွယ်ဝင် သံဃာတော် ၂ ပါးအား ပြန်လည်ကယ်တင်နိုင်ရေး နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)