မြင်းမူမြို့နယ်တွင် PDF အကြမ်းဖက်သမားများက ကုန်တင်ယာဉ်တစ်စီးကို လက်လုပ်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်၊ ကုန်တင်ယာဉ်မောင်းသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းမူမြို့နယ်တွင် PDF အကြမ်းဖက်သမားများက ကုန်တင်ယာဉ်တစ်စီးကို လက်လုပ်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်၊ ကုန်တင်ယာဉ်မောင်းသေဆုံး


MNP ၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြိုမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး၌ စက်တင်ဘာ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် PDF အကြမ်းဖက်သမားများက ကုန်တင်ယာဉ်တစ်စီးကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကုန်တင်ယာဉ်မောင်းသေဆုံးခဲ့ကြောင်း သိရသည်။


မုံရွာမြိုနယ်၊ မအူကျေးရွာနေ ဦးအောင်ဇော်ဦး (၃၉) နှစ် သည် မုံရွာမြိုနယ်နေ ကိုထက်နိုင်ဦး (၂၇) နှစ်နှင့် အတူ ကုန်စည်များတင်ဆောင်ထားသည့် Nissan အမျိုးအစား အဖြူရောင် ၁၂ ဘီးယာဉ်အား နေပြည်တော်မှ မုံရွာမြိုသို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်တွင် PDF အကြမ်းဖက်သမားများက လမ်း၏ယာဘက်မှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်မှာ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း ဦးအောင်ဇော်ဦးတွင် ဦးခေါင်းယာဘက်ပွင့်ထွက်ဒဏ်ရာတစ်ချက်၊ ယာခြေသလုံးမိုင်းစ ဖောက်ဝင် ဒဏ်ရာတစ်ချက်တို့ဖြင့် အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)