ကျောက်ဖြူမြို့၌ အသက်(၃၀)နှစ်နှင့်အထက်ရှိ အမျိုးသမီးများအား ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု ရှိစေရေး (Physical Fitness Dance) သင်တန်း ဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျောက်ဖြူမြို့၌ အသက်(၃၀)နှစ်နှင့်အထက်ရှိ အမျိုးသမီးများအား ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု ရှိစေရေး (Physical Fitness Dance) သင်တန်း ဖွင့်လှစ်

033

034

035


MNP ၊ စက်တင်ဘာ  ၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အသက်(၃၀)နှစ်နှင့်အထက်ရှိ အမျိုးသမီးများအား ကိုယ် ခန္ဓာကျန်းမာကြံ့ခိုင်မှုရှိစေရန်အတွက် ကျောက်ဖြူခရိုင် အားကစားနှင့်ကာယညာဦးစီးဌာနမှ ကြီးမှူး ၍ (Physical Fitness Dance) အားကစားသင်တန်းကို မြို့မအားကစားကွင်းကြီးတွင်  ဖွင့်လှစ်ပြသ ပေးလျှက်ရှိသည်။


ထိုသို့ ဖွင့်လှစ်ပြသရာတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်ဖြူဖြူဝေက မြို့ပေါ်ရပ်ကွက်များမှ အသက်(၃၀)နှစ်နှင့်အထက်ရှိ အမျိုးသမီး (၁၆) ဦးတို့အား (Physical Fitness Dance) အခြေခံအားကစားနည်းများကို နေ့စဉ်မွန်းလွဲပိုင်းအချိန်၌ ပုံမှန်ပြသပေးလျက်ရှိပြီး သင်တန်းတက်ရောက်လိုသူများရှိပါကလည်း အသက်အရွယ် ကျား/မမရွေး ကျောက်ဖြူခရိုင်အား/ကာရုံးသို့လာရောက်၍ စာရင်းပေးသွင်းကာသင်တန်းတက်ရောက်နိုင်ကြောင်း အဆိုပါ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။


အဆိုပါ(Physical Fitness Dance) အားကစားသင်တန်းကိုတက်ရောက်ခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်ပြီး မောပမ်းမှုဒဏ်ကိုခံနိုင်လာမည်၊ သက်ကြီးရွယ်အို ဆီးချိုသမားများ ကျန်းမာရေးကောင်း မွန်လာမည်၊ ခန္ဓာကိုယ်လေးလံနေသူများ ပေါ့ပါးသွက်လက်ပြီး စိတ်ကြည်လင်လန်းဆန်းလာမည်၊ ခန္ဓာကိုယ်အချိုးအစားလှပလာမည် အစရှိသည့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးကောင်းများ ရရှိလာမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရ သည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages