သထုံမြို့နယ်တွင် ရောဂါကာကွယ်ရေး PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်တွင် ရောဂါကာကွယ်ရေး PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ



MNP ၊ စက်တင်ဘာ     ၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသည့် ရောဂါကာကွယ်ရေး PPE ဝတ်စုံများအား လူမှုကူညီရေးအဖွဲ့များသို့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက် ဈေးကြီးလမ်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးမိုးကျော်သူက လှူဒါန်းပေးအပ်ရသည့် အကြောင်းများကို ရှင်းလင်းတင်ပြခဲ့ကာ တာဝန်ရှိသူများက သထုံခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် သထုံမြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ ပေါင်း ၃၇ ဖွဲ့အတွက် ရောဂါကာကွယ်ရေး PPE ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့သည်။


သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပရဟိတလူမှုရေးအသင်းအဖွဲ့များအနေဖြင့် လိုအပ်သည့်အချိန်များတွင် အသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့လှူဒါန်းသည့် အဆိုပါရောဂါကာကွယ်ရေး PPE ဝတ်စုံများကို သထုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ယခုကဲ့သို့  ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)