ဖျာပုံမြို့၌ PTTEPI ကုမ္ပဏီ၏ မြန်မာ့သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက် M3 ၏ အောင်သိင်္ခဖွံ့ဖြိုးရေး စီမံကိန်းနှင့် M3 သဘာဝဓာတ်ငွေ့ရှာဖွေရေးနှင့် တွင်းတူးခြင်းလုပ်ငန်း များ ဆောင်ရွက်ရန် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ဒုတိယလူထုတွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့၌ PTTEPI ကုမ္ပဏီ၏ မြန်မာ့သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက် M3 ၏ အောင်သိင်္ခဖွံ့ဖြိုးရေး စီမံကိန်းနှင့် M3 သဘာဝဓာတ်ငွေ့ရှာဖွေရေးနှင့် တွင်းတူးခြင်းလုပ်ငန်း များ ဆောင်ရွက်ရန် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ဒုတိယလူထုတွေ့ဆုံပွဲကျင်းပ




MNP - စက်တင်ဘာ   ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် PTTEPI ကုမ္ပဏီ၏ မြန်မာ့သဘာဝ ဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက် M3 ၏ အောင်သိင်္ခဖွံ့ဖြိုးရေးစီမံကိန်းနှင့် M3 သဘာဝ ဓာတ်ငွေ့ရှာဖွေရေးနှင့် တွင်းတူးခြင်းလုပ်ငန်း များ ဆောင်ရွက်ရန် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ဒုတိယလူထုတွေ့ဆုံပွဲကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါ တွေ့ဆုံပွဲသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက PTTEPI ကုမ္ပဏီ၏ မြန်မာ့သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက် M3 ၏ အောင်သိင်္ခ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် M3 သဘာဝဓာတ်ငွေ့ရှာဖွေရေးနှင့် တွင်းတူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ ဒုတိယလူထုတွေ့ဆုံပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကိုယ်စားလှယ် ဦးရဲဝင်းအောင်၊ PTTEPI ကုမ္ပဏီမှ စီမံကိန်းလက်ထောက် အရာရှိ ဦးစည်သူကျော်၊ PTTEPI ကုမ္ပဏီအတွက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို IEM နှင့် EQM အကြံပေးကုမ္ပဏီ ဒေါ်ပုံ့ပုံ့တို့က မြန်မာ့သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက် M3 တွင် ဆောင်ရွက်သွား မည့် စီမံကိန်းအကြောင်း၊ ပတ်ဝန်းကျင် ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း အသေးစိတ်ရှင်းလင်း တင်ပြကြသည်။ ထို့နောက် PTTEPI ကုမ္ပဏီအတွက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို IEM နှင့် EQM အကြံပေးကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက် လာကြသော ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များနှင့် မြို့နယ်ကျားပိုက်လုပ်ငန်းရှင်များက သိရှိလိုသည်များအား မေးမြန်းကြရာ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက အသီးသီးပြန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်ာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)