ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယအကြိမ်တက်ရောက်ခဲ့သည့် RCSS/SSA ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးယွက်ဆစ်ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တာချီလိတ်သို့ ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယအကြိမ်တက်ရောက်ခဲ့သည့် RCSS/SSA ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးယွက်ဆစ်ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တာချီလိတ်သို့ ပြန်လည်ရောက်ရှိ

 



MNP - စက်တင်ဘာ   ၃


တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယအကြိမ်တက်ရောက်ဆွေးနွေးခဲ့သည့် သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်ဦး‌ဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နေ့လယ် ၁၂ နာရီ ၅၀ မိနစ်က နေပြည်တော်မှတပ်မတော်လေယာဉ်ဖြင့် တာချီလိတ်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည်  ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုများတွင် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းရန် သဘောတူညီခဲ့ကြောင်း၊ ယခုဒုတိယအကြိမ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးလိုလားချက်နှင့် အနာဂတ်လုပ်ငန်းစဉ်များကို ဆွေးနွေးရန် ဩဂုတ်လ ၂၈ ရက်နေ့က တာချီလိတ်မြို့မှ နေပြည်တော်သို့ ထွက်ခွာသွားခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။


ဗိုလ်ချုပ်ကြီးယွက်ဆစ်ဦး‌ဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်လင်းအောင်နှင့် မြန်မာ-ထိုင်း နယ်ခြားဆက်ဆံရေး တာဝန်ခံအရာရှိ ဦးဘိုလေးနှင့်တာဝန်ရှိသူများ၊ ရှမ်း၊ အာခါ၊ လားဟူ၊ ပအိုဝ့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြိုဆိုထောက်ခံကြောင်းစာသားပါ ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ လေဆိပ်မှ ကြိုဆိုခဲ့ကြသည်။


ထို့နောက် ဗိုလ်ချုပ်ကြီးယွက်ဆစ်ဦး‌ဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)မှတစ်ဆင့် မွန်းလွဲ ၁ နာရီခွဲတွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။


သတင်း - ယာဆေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)